"ကိုကို ဘာလို့မျက်နှာကိုဖွတ်ထားလိုက်ရတာလဲလို့ ဟင်...
နောက်တစ်ခေါက်လောက်ပြောပါဦး ကိုကိုရဲ့
သေချာမကြားလိုက်ရဘူး...."ဂျောင်ကုဆော့ဂျင် နဖူးကိုအခါခါနမ်းရင်ပြောမိတော့သည် ...
ကိုကို့ဆီက ချစ်တယ်ဆိုတဲ့စကားလေးကို ထပ်ပြီးကြားချက်သေးတယ်လေ ကိုကိုရင်ထဲသူရှိနေတာကိုသိပေမဲ့ ဒီလိုမျိုးကိုကိုက၀န်ခံလိုက်တော့ သူ့ရင်ထဲလိပ်ပြာတွေပျံ၀ဲနေသလိုပါပဲ တဖျပ်ဖျပ် တလှပ်လှပ်ရယ်ပါ....
ကိုကိုကတော့ သူ့ပခုံးစွန်းဆီမျက်နှာတိုး၀ှေ့ပြီး ပြန်မော့မလာတော့ တကယ်ပါပဲချစ်ဖို့ကောင်းလိုက်တာ
ကိုယ့်ရည်းစားကို ချစ်ကြောင်း၀န်ခံပြီး အများကြီးရှက်နေတော့တာပဲ....."ကိုကို ဟိုမှာကြည့်ဦး ဘာဖြစ်တာလဲမသိဘူး အက်ဆီဒင့်ဖြစ်တာထင်တယ်...."
"ဟင်....
ဘယ်မှာလဲ မတွေ့ပါဘူး"ပြွတ်....
ကိုကိုကတော့ ကလေးလိုပဲ သူအလန့်တကြားလေသံနဲ့ သရုပ်ဆောင်ပြမှ ခေါင်းမော့လာပြီးဘေးဘီကိုလိုက်ကြည့်နေရှာတာ....
ဘယ်ရမလဲ မတွေ့ဘူးဆိုပြီး ခေါင်းပြန်လှည့်ချိန် နမ်းပစ်လိုက်တာပေါ့ ...
သူအဲဒီလိုမှမလုပ်ရင် ကိုကိုကအိမ်ရောက်တဲ့ထိမျက်နှာဖွက်ထားလောက်တယ်လေ...."မင်းးးးး
လိမ်တာမလား....""ခ်ခ်ခ်.....
ကိုကို အညာခံလိုက်ပြီ ကရော် ကရော်...."သူ့အကြံကိုရိပ်မိသွားတဲ့ ကိုကိုကမျက်စောင်းထိုးပြီးအံကြိတ်ပြလာတယ်
ကိုကို့အမူအယာတိုင်းက သူ့မျက်လုံးထဲ ဘာလို့ဒီလောက် ချစ်စရာကောင်းနေရတာပါလိမ့် ...ခေါင်းအစခြေအဆုံး တစ်ကိုယ်လုံးငုံထွေးပစ်ချင်စရာ....
"မင်းက အကျင့်ပုတ်တဲ့ကောင်ငယ်လေးပဲ ...."
"ကောင်ငယ်လေးမဟုတ်ဘူးနော် ကိုကိုအားကိုးမှီခိုလို့ရတဲ့ချစ်သူပါဆို...."
"အင်းးးးထားပါတော့...."
ဘာလဲ ကိုကိုကသူ့ကိုကလေးလိုမျိုးသတ်မှတ်လိုက်တာလား ဒါမှမဟုတ်အရှက်ပြေပြောတာလား
မကြိုက်ဘူး ကောင်ငယ်လေးမဖြစ်ချင်ပါဘူး
ကိုကို့ရဲ့ ဘဲကြီးပဲဖြစ်ချင်တာကို.....