ချိန်းထားတဲ့ ဆိုင်ရှေ့ရောက်လာတော့ ကိုကို့လက်ကလေးတွေအတော်အေးစက်နေပြီ....
ဘေးကသူ့ကိုတောင် ဘာစကားမှမပြောနိုင်ဘဲ ငြိမ်သွားတဲ့အထိ ကိုကိုစိတ်လှုပ်ရှားနေခဲ့တာ.
အခုချိန်မှာတော့ ကိုကို့လက်ဖ၀ါးလေး အနွေးဓာတ်ရစေဖို့ ဆုပ်ကိုင်ပေးထားရုံသာတက်နိုင်သည်မဟုတ်လား..."ကိုကို အရမ်းစိတ်မလှုပ်ရှားနဲ့နော် ကိုကို့နောက်မှာ ကျွန်တော်ရှိတယ် ချစ်တယ်..."
ဆိုင်ထဲ၀င်ချိန် ဘေးကနေခပ်တိုးတိုးပြောတော့ ကိုကိုကကြိုးစားပြီးပြန်ပြုံးပြရှာတယ်....
ကိုကိုကဟိုဟိုဒီဒီလိုက်ကြည့်ပြီးတော့ ထောင့်ဘက်စားပွဲက မီးခိုးရောင်ဟူဒီ၀တ်ထားတဲ့ကောင်မလေးဆီ တန်းတန်းမတ်မတ် လျှောက်သွားတယ်....
"ဂျီယွန်းးးးးး"
"အိုပါးးးးရောက်လာပြီပဲ မှတ်မိတာတော်သေးတယ်...."
"အင်းးးးး ဂျီယွန်းနဲ့ ဂျီအာကရုပ်ဆင်တယ်လေ...'
ကောင်မလေးက ထရပ်ပြီး ကိုကို့ကိုပြုံးပြနှုတ်ဆက်လာတယ်
အပြုံးတွေကတော့ ဖျော့တော့လို့ ....
ဖြစ်နိုင်တာကတော့ စိတ်ထိခိုက်စရာတစ်ခုခုရှိခဲ့တဲ့ပုံစံမျိုး ...."ဂျီယွန်းလည်း နောက်အပတ်နိုင်ငံခြားထွက်တော့မှာ ချစ်သူနဲ့အတူလိုက်သွားမှာပါ အိုပါးကို ဒါတွေပြောပြချင်ခဲ့တာကြာပါပြီ အဲဒီလူကိုကြောက်လို့ ပြီးတော့ဖေဖေ့ကိုလည်းငဲ့ညှာနေခဲ့ရလို့ ဖေဖေအရင်လကဆုံးသွားခဲ့တယ်လေ ..."
ကိုကိုကတော့ ခေါင်းသာညိတ်ပြီး အဲဒီကောင်မလေးပြောသမျှကို အာရုံစိုက်နားထောင်နေတယ်....
"မမသတ်သေခဲ့တယ်ဆိုတာတော့ အမှန်ပါ..."
ကောင်မလေးကအပြင်ဘက်ကိုငေးရင်း ဆက်ပြောလာတယ် ကိုကိုလည်း စိတ်လှုပ်ရှားနေပုံပဲ ခုံအောက်ကနေသူ့လက်တွေကိုလာကိုင်တယ်....
ဂျောင်ကု ဆော့ဂျင်လက်တွေကိုဆုပ်ကိုင်ပြီး ခပ်ဖွဖွဖျစ်ညှစ်ပေးလိုက်တယ်....
အဆင်ပြေပါတယ် ဘာမှမဖြစ်ပါဘူးဆိုပြီး နှစ်သိမ့်ချင်တဲ့စိတ်နဲ့ပေါ့....