တစ်အိပ်ယာထဲအိပ်ရတာတောင် ချစ်ရသူကို အတင်းအကျပ်မရယူချင်တဲ့ကောင်က ကျွန်တော်ပါပဲ....
ငတုံးလို့ပဲဆိုချင်ဆို ကျွန်တော်ကတော့ကိုကိုလက်ခံနိုင်တဲ့အတိုင်းအတာထိပဲဖြည်းဖြည်းချင်းသွားချင်တယ် ခင်ဗျားတို့ တကယ်ချစ်လာတဲ့အခါနားလည်လာမှာပါ ချစ်ရသူရဲ့မျက်နှာကို အရိပ်တကြည့်ကြည့်လုပ်ရင်း မျက်နှာကလေးညှိုးမှာစိုးရတာမျိုး
လက်သည်းကလေးကအစကျိုးမှာစိုးရတာမျိုးပေါ့
အပိုတွေပါကွာလို့ထင်နေသေးရင် ခင်ဗျားတို့တကယ်မချစ်တက်သေးတာပဲဖြစ်မယ်ဗျ....ဂျောင်ကုသူ့ရင်ခွင်ထဲကဆော့ဂျင်ကို ငုံ့ကြည့်ရင်းကြည်နူးမှူတွေနဲ့ တစ်ကိုယ်လုံးလေဟာနယ်ထဲလွင့်နေသလို အိပ်ယာပေါ်လှဲနေရင်း လူကတိမ်တွေပေါ်ခုန်ပြေးနေသလို ခံစားချက်ပေါင်းစုံ ရောထွေးနေခဲ့ရသည်....
သေချာတာကတော့ သူ့ကို တမြေ့မြေ့ပျော်ရွှင်ကြည်နူးစေတဲ့ အခိုက်အတန့် မျိုးပါပဲ....ရွှတ်.....
..အင့်......
သူမနေနိုင်စွာနဲ့ပါးကလေးကို နမ်းလိုက်တော့ ကိုကိိ့ဆီကအင့်ခနဲအသံတစ်ချက်ထွက်လာပေမဲ့ ဆက်အိပ်နေတုန်းပဲ...
ကိုကိုကလေ အိပ်နေတာတောင် မြတ်နိုးစရာကောင်းလိုက်တာ ကိုးကွယ်ရာသာသာနေရာမှာ ကင်ဆော့ဂျင်လို့ပြောင်းလိုက်ရင်ကောင်းမလားလို့တောင် စဥ်းစားနေမိပြီ ...
သူတော့ တကယ်ကြီး ကိုကို့အပေါ်ရူးသွပ်နေမိတာပဲ....ဂျောင်ကုလည်းအိပ်ပျော်နေတဲ့ဆော့ဂျင်ကို ရင်ခွင်ထဲမြုပ်အောင်ပိုတိုးဖက်ပြီး မျက်လုံးတွေမှိတ်လိုက်တယ် ...
ပြသာနာပဲ မျက်လုံးမှိတ်လိုက်တာတောင် ကိုကို့မျက်နှာကအမြင်အာရုံထဲကထွက်မသွားခဲ့ဘူး
ကိုကို့အရယ်အပြုံးတွေ စိတ်ဆိုးတဲ့စူထွက်လာတဲ့နှုတ်ခမ်းဖူးတွေ သူ့ကိုအော်ငေါက်တက်တဲ့ ကိုကို့ရဲ့ခပ်စွာစွာအမူအယာလေးတွေ အားလုံးကိုသူ့နှလုံးသာဖမ်းယူသိမ်းဆည်းထားခဲ့တာ
အခုချိန်သူ့မျက်လုံးတွေ မမြင်ရတော့ရင်တောင်
လှပတဲ့အရာတွေ သူ့အာရုံထဲအပြည့်ဖြစ်နေဦးမှာ....ငါဒီလိုဖြစ်နေခဲ့တာ ဘယ်အချိန်တည်းကပါလိမ့်
ပျင်းစရာကောင်းတဲ့ ကော်ဖီဆိုင်မှာ ဆံပင်ခရမ်းရောင်ကလေးကို စသတိထားမိတဲ့နေ့ထဲကလား....
သေချာတာကတော့ ကိုကိုကသူ့နှလုံးသားကို လွန်ခဲ့တဲ့အချိန်အတော်ကြာကြာကတည်းက ဖမ်းစားရစ်နှောင်ခဲ့ပြီးပြီဆိုတာပဲ ......