... မြင်ရတာကြည်နူးစရာကောင်းသားပဲ ဆော့ဂျင်ခုလိုနှစ်နှစ်ခြိုက်ခြိုက်မပြုံးကြာပြီမဟုတ်လား ခုတော့လည်းချစ်ခြင်းမေတ္တာကြောင့်ထင်တယ် အပြုံးတွေတောင်အသက်၀င်လာပြီ....
ကင်ယူရင်းတစ်ယောက် အိမ်ပြန်လာတဲ့လမ်းမှာ ထူးခြားကြည်နူးစရာမြင်ကွင်းလေးကို ရုတ်တရက်မြင်လိုက်ရတာမို့ အကွယ်နားလေးကစောင့်ကြည့်နေခဲ့မိတယ်....
...အရင်ရက်တွေကတော့ ဆော့ဂျင်အဆင်မပြေဖြစ်ခဲ့ပုံပဲ ခွင့်တောင်ယူခဲ့သေးတာမဟုတ်လား ခုတော့သူ့ချစ်သူကောင်လေးနဲ့အဆင်ပြေပြေရှိနေတာပဲ
ခုကစပြီး အရင်လိုအစ်မပီပီသသနဲ့ပြန်စောင့်ရှောက်ပေးချင်တယ် ငါယုံကြည်ရာကိုတဇွတ်ထိုးဆွဲကိုင်ပြီး တစ်ဦးတည်းသော မောင်ကိုနာကျင်စေခဲ့မိလို့ငါလည်းနောင်တရမိတယ်ဆော့ဂျင် ခုကစပြီးဒီတိုင်းလေးပဲ ပြုံးနေစေချင်တယ် အဲဒီလိုပြုံးနေနိုင်ဖို့ငါတက်နိုင်တဲ့ဘက်ကပံ့ပိုးဖြည့်ဆည်းပေးချင်တယ်.....ဆော့ဂျင်နဲ့သူ့ကောင်လေးအချိန်အတော်ကြာထိ နှုတ်ဆက်ပြီး ဆော့ဂျင်အိမ်ထဲ၀င်သွားပြီးမှယူရင်းလည်းအိမ်ထဲ၀င်လိုက်တယ် ...
ထူးထူးခြားခြား မေမေအိမ်မှာရှိနေတာပဲ..
ဒါပေမဲ့ဘယ်လိုမှမခံစားရပါဘူး ဒီတိုင်းသူစိမ်းတစ်ယောက်အိမ်လာလည်တယ်လို့တောင်ခံစားမိနေတယ် ....ကင်ယူရင်းလည်း ဆိုဖာပေါ်က ဆေးပညာစာအုပ်တွေ notebook တွေကိုစိတ်ပျက်လက်ပျက်ကြည့်ပြီး အခန်းထဲ၀င်သွားလိိုက်တယ်....
မေမေ့ဆီက နွေးထွေးမှူဆိုတာ ရခဲ့ဖူးရဲ့လားတောင်မသေချာဘူး တကူးတကထွေးပွေ့နှုတ်ဆက်ချင်စိတ်လည်းရှိမနေခဲ့ဘူး သူတို့မောင်နှမနဲ့မေမေ့ကြားကဆက်ဆံရေးကတော့ အမြဲဒီတိုင်းပါပဲ.....>>>>
"မေမေ အိမ်ပြန်ရောက်နေတာပဲ ...."
"အပြင်ကပြန်လာပြီလား နေကောင်းတယ်မဟုတ်လား...."
"မေမေဘာလို့အိမ်ပြန်လာတာလဲ...."
"အင်းးးးအားလပ်ရက်လေ..."
"အထူးအဆန်းပဲ...."
ဆော့ဂျင် ခပ်ရွဲ့ရွဲ့လေသံနဲ့ သူ့အမေကိုပြောလိုက်တယ်