ခွက်....
ကြက်ဥတွေဖောက်ထည့်ထားတဲ့လက်ထဲကကြွေပန်းကန်းလုံးကို ဆော့ဂျင် ခပ်ကြမ်းကြမ်းဆောင့်ချလိုက်မိတယ်....
ဂျောင်ကုပြန်လာတဲ့အချိန်စားဖို့ ပြင်ဆင်နေတာ 1နာရီနီးပါးရှိသည့်တိုင် ဘာမှအဆင်သင့်မဖြစ်သေး
စားပွဲပေါ် ရှုတ်ပွသွားရုံသာအဖက်တင်သည်.....ကြော်ရင်း ပျက်စီးသွားတဲ့ ကြက်ဥအတူးတွေကိုကြည့်ပြီးဆော့ဂျင် စိတ်မရှည်စွာ ငြီးငြူမိတော့သည်....
အားးးးရှစ်...
ကြက်ဥကြော်တာလေးကို ဘာလို့ဒီလောက်ခက်ခဲနေရတာလဲ ငါက ဂျောင်ကုအတွက်သေချာလေးပြင်ဆင်ပေးချင်တာကို ရှိတဲ့ဟင်းတွေပဲနွှေးထားပေးလိုက်ရမလား မသိတော့ဘူးကွာ....
အရင်နေ့တွေက ဂျောင်ကုပြင်ဆင်ပေးတော့လည်း အရမ်းလွယ်နေသလိုပဲ ငါသေချာကြည့်ထားသင့်တာ.....
နေပါဦး ဒီ oven ကဘယ်လိုသုံးရတာပါလိမ့် function တွေအများကြီးပါတာပဲ
Microwave ကဘယ်ဟာပါလိမ့် ဘာလို့စာမပါပဲ သင်္ကေတတွေနဲ့ပဲပြထားရတာလဲ ငါမှမီးဖိုချောင်မ၀င်ဖူးတာ ဘယ်လိုသိနိုင်မှာလဲလို့ ရူးချင်တာပဲ....ဆော့ဂျင် oven ကိုစိတ်ရှုတ်ထွေးစွာကြည့်ရင်း သက်ပြင်းအခါခါချနေမိတော့သည်.....
မီးဖိုချောင်ထဲ သူအဖြစ်ရှိအောင်လုပ်နိုင်တဲ့အရာ မရှိတာကိုလည်းသေချာနားလည်လက်ခံလိုက်ရတာပေါ့....
>>>>
"ဟင် မီးခိုးတွေ ကိုကို ကိုကို ဘယ်မှာလဲ ကိုကိုရော...."
ဂျောင်ကုကျောင်းပြန်လာလာချင်း အခန်းတံခါးဖွင့်ချိန်တွေ့လိုက်ရတဲ့ မီးခိုးငွေ့တွေနဲ့ တူးနံ့တစ်ချို့ကြောင့် ဆော့ဂျင့်ကိုအော်ခေါ်ပြီး မီးဖိုထဲတစ်ရှိန်ထိုးပြေး၀င်သွားမိတော့တယ်...
ကိုကိုဘေးကင်းရဲ့လားဆိုတဲ့အတွေးနဲ့ စိုးရိမ်မှုဒီဂရီတွေထိပ်ဆုံးထိမြင့်တက်သွားခဲ့ရတယ်....
ကိုကို တစ်ခုခုများထိခိုက်ဒဏ်ရာရရင်တော့ သူ့ရင်တွေကွဲကြေရချည့်ရဲ့ ...."ကိုကို ကိုကိုရေ ကိုကိုထိခိုက်မိသွားလားဟင်....
ဘယ်နားထိခိုက်သွားလဲ"