"ပါမောက္ခမင် ဟီးးးကော်ဖီ၀ယ်လာပေးတာ...."
အခန်း၀မှာ ကော်ဖီဘူးကိုင်ပြီး သွားလေးဖြဲကာရယ်ပြနေတဲ့ဂျီမင်းကိုကြည့်ပြီး ယွန်းဂီခေါင်းခါလိုက်မိတယ်....
ဒီကလေးကိုတော့ သူလက်မြှောက်ထားရတယ် ပါမောက္ခကိုတောင်လာဖွင့်ပြောရဲတဲ့ ကောင်လေးပဲ
ဇကတော့မသေးဘူး ပထမနှစ်မို့သာပဲ
မသင့်တော်ဘူးပြောလည်းမရ ဟူးးးးးတကယ့်ဟာလေး ....."အထဲလာခဲ့ ငါမင်းကိုမေးစရာရှိတယ် ...."
"ဘာလဲဟင် ကျွန်တော့်ကိုအဖြေပြန်ပေးတော့မှာလား တွဲကြည့်ရအောင်လို့ပြောတော့မလို့လား...."
တကယ်ပတ်ဂျီမင်းကတော့ ၀င်ခဲ့ပြောတာနဲ့ မပြေးရုံတမယ်၀င်လာပြီး ခုလည်းသူ့ရှေ့မှာမျက်နှာမူယာအမျိုးမျိုးနဲ့ လိုရာဆွဲတွေနေသေးတာ ....
"ပေါက်ကရတွေမပြောနဲ့ မင်းနဲ့ကင်ဆော့ဂျင်ရင်းနှီးတာလားမနေ့ကအတူတွဲတွေ့လိုက်လို့..."
"ဘာလို့လဲဟင် ကျွန်တော့်အစ်ကိုကိုကြိုက်လို့လား
အဲလိုလုပ်လို့မရဘူးနော် အစ်ကိုဆော့ဂျင်ကလည်း ကျွန်တော်သဘောကျတဲ့နေတဲ့သူမှန်းသိရင် ပြန်ကြိုက်မှာမဟုတ်ဘူး ..."ပြောချင်ရာပြော ထင်ချင်ရာထင်နေတဲ့ ဂျီမင်းကိုသေရှာရှင်းပြဖို့ထိ ယွန်းဂီစိတ်မရှည်
သိချင်တာကိုသာဆက်မေးလိုက်တယ်...."သူနဲ့ဂျောင်ကုနဲ့တွဲနေတာလား.... "
"တကယ်ပဲ ကျွန်တော့်အစ်ကိုကြိုက်နေတာလား ရင်နာလိုက်တာ အခုကျွန်တော်ဘယ်လောက်နာကျင်နေရလဲ ပါမောက္ခသိရဲ့လား...."
"ဟူးးးမင်းရဲ့ဒရမ်မာတွေကို ဒီမှာလာမသုံးနဲ့ပတ်ဂျီမင်း ဂျောင်ကုကငါ့ညီ၀မ်းကွဲ ငါ့အဒေါ်ကအပ်ထားတာမို့ နည်းနည်းလောက်သိထားသင့်တယ်ထင်လို့...."
"စီနီယာဂျောင်ကုက ပါမောက္ခရဲ့ညီလား..."
"အင်းးးဟုတ်တယ်..."
ကျစ် တိုက်ဆိုင်ချက်ကြီးကလည်းကွာ ငါ့တော့သေပြီပဲ....
သူက မင်ယွန်းဂီက ကျွန်တော့် အချစ်ဦးဘာညာနဲ့တော်ကီတွေအသကုန်ပစ်ထားတာလေ သူ့ညီကိုကြိုက်ဖူးမှန်းသိရင် သူ့ကိုပလီပလာကောင်လို့ထင်သွားနိုင်တယ်