"ဘာလို့လဲ ဂျောင်ကု ငါကဆွဲဆောင်မှူမရှိလို့လား
ငါ့ကိုတကယ်မလိုချင်ဘူးပေါ့.....""ကိုကို......"
သူ့ကိုစကားနာလာထိုးနေတဲ့ ဆော့ဂျင်ကို ဂျောင်ကုတင်းတင်းကျပ်ကျပ်သိမ်းဖက်ထားလိုက်သည်....
အင်္ကျီမ၀တ်ထားတဲ့ ကိုကို့ရဲ့ ပခုံးကျယ်နဲ့ ခါးသွယ်သွယ်လေးနဲ့ နီရဲနေတဲ့ ချယ်ရီသီးကလေးတွေအဆီပိုမရှိပြားရှပ်နေတဲ့ ဗိုက်သားဖွေးဖွေးကလေးတွေ
ဆွဲဆောင်မှူမရှိလို့လားတဲ့ ဘယ်လိုတောင်မေးရက်ရတာလဲ ကိုကိုရာ ....
ခုလေ စိတ်ကိုချုပ်တည်းထားရလို့ ကျွန်တော်ခန္တာကိုယ်တစ်ခုလုံးပေါက်ကွဲတော့မလိုဖြစ်နေတာသိရဲ့လား ကိုကိုရဲ့....
ဒါပေမဲ့ ကိုကို ကျွန်တော့်ကိုယုံကြည်လာတဲ့ အချိန်ထိ စောင့်နိုင်တယ် ကိုကို့စိတ်ထဲက သံသယတွေပျောက်တဲ့ထိ ရအောင်ထိန်းချုပ်ထားမှာ.....
"ရပြီ ဖယ်တော့ မင်းငါ့ကိုမလိုချင်ဘူးမလား နားလည်ပြီ...."
"ကျွန်တော်က ကိုကို့ဆီကအဲဒီလိုကိစ္စသက်သက်လိုချင်တာမှမဟုတ်တာ
ကိုကို့ဘေးမှာအမြဲရှိချင်တယ် ကျွန်တော်နဲ့အတူရှိချိန်တွေဆို ကိုကို့ကို ပေါ့ပေါ့ပါးပါး စိတ်ရှိသလိုနေနိုင်စေချင်တယ်
ပိတ်ရက်တွေမှာ ကိုကို့သဘောကျတဲ့နေရာတွေ သွားလည်ပြီး ကိုကိုကြိုက်တဲ့အစားအသောက်တွေလုပ်ကျွေးချင်တယ် ကိုကို့စိတ်ထဲရှိတဲ့ အကြောင်းအရာတွေအလွယ်တကူ ထုတ်ပြောနိုင်စေချင်တယ်
ကိုကို့ကို ပျော်နေစေချင်တယ်....
အဲဒီလို ရိုးရှင်းတဲ့အရာတွေနဲ့ပဲ စတင်ချင်တာ ကိုကိုရဲ့....
အဲဒါကြောင့် စကားနာမထိုးပါနဲ့တော့လား "ဂျောင်ကုစကားကြောင့် ဆော့ဂျင်တိတ်ဆိတ်သွားမိတယ် တုန့်ပြန်ဖို့စကားလုံးတွေလည်း ရှာမရခဲ့
ဒီလိုနဲ့ ငါမင်းဆီကျရှုံးမိတော့မှာပဲ ဂျောင်ကုရယ်....."ကိုကို အင်္ကျီ၀တ်ပေးမယ်နော် ဟင်းတွေမအေးခင်သွားစားရအောင်...."
"ငါက ကလေးလား ကိုယ့်ဘာသာ၀တ်မယ်...."
"အင်းးးးကိုကိုကလေးလုပ်ချင်ရင် လုပ်လို့ရတယ်လေ
ဂျွန်ဂျောင်ကုရဲ့ ကလေးလေးပေါ့
ကိုကို့အတွက် သီးသန့်ဆားဗစ်ပေးမှာဗျာ...."