"ရားးးမင်းမျက်နှာက အီးမှန်ထားတဲ့ရုပ်နဲ့ဘာဖြစ်နေတာလဲ...."
မှိုင်ထွေပြီငူငူကြီးငေးငိုင်နေတဲ့ ဟိုဆော့ကိုဆော့ဂျင်မသက်မသာကြည့်နေရသည်..
"ထယ်က ငါ့ကိုအနားတောင်အကပ်မခံဘူးကွာ...."
"အင်းးးဒါဆိုမကပ်နဲ့လေ စာလေးဘာလေးပို့ ခပ်လှမ်းလှမ်းကနေဂရုစိုက်ပေးပေါ့ ..."
"ငါ့မှာ သူ့အကောင့်သူ့ဖုန်းနံပါတ်တောင်မရှိဘူးလေ
သူလည်းဂျောင်ကုလို ရေခဲတုန်းနဲ့ပေါင်းပြီး low profile နဲ့ပဲနေတာ တော်ရုံလူမသိကြဘူး သူနဲ့ရင်းနှီးတဲ့သူတွေကိုလည်း မှာထားပုံပဲ သူနဲ့ပက်သက်တာဘာမှမေးမရပါဘူးကွာ.. "စိတ်ပျက်အားလျော့စွာ ငြီးငြူနေတဲ့ဟိုဆောကိုကြည့်ပြီး ဆော့ဂျင်သက်ပြင်းရှည်ချမိသည်...
ကိုယ်ကတော့ ကိုယ်သူငယ်ချင်းကို ချစ်တဲ့သူနဲ့နီးစပ်စေချင်လို့မြှောက်ပေးခဲ့တာဆိုပေမဲ့ အခုအခြေအနေက ကိုယ်ကြောင့်ပိုဆိုးသွားတာလားတောင်မသိတော့ဘူး....."ငါရအောင်လုပ်ပေးမယ် ဟိုဆော့...."
ဟုတ်တယ် ဂျောင်ကုတစ်ယောက်လုံးရှိတာပဲ ဂျောင်ကုထက်ပိုပြီး ထယ်ယောင်းအကြောင်းသိတဲ့လူရှိဦးမလား လွယ်လွယ်လေးပဲကို.....
ရေခဲတုံးတဲ့လား ရေခဲတုန်းဆိုရင်လည်း ဒီကမီးနဲ့တွေ့ရင်ပျော်သွားမှာပဲဟာ.....>>>>
"ဟေးးးး"
"ကျွန်တော့်ကိုခေါ်တာလား purple Hyung....
အဲလိုခေါ်လို့ရလား အစ်ကိုကဒီဆံပင်ခရမ်းလေးနဲ့ တအားလိုက်တယ်လေ....""မရဘူး ဒီတိုင်းပဲခေါ်စမ်းပါ...."
"ဟုတ်...."
"အတန်းချိန်ပြီးရင် ကော်ဖီသွားသောက်ရအောင်..."
"ဗျာ..."
"ရတာလား မရလား....."
"ရတာပေါ့ hyung ရဲ့ ကျွန်တော်လာစောင့်နေမယ်နော် hyung အတန်းရှေ့မှာ..."
"အင်းးးးဒါဆိုသွားပြီ..."
"ညနေတွေ့မယ် hyung.... "
ဆော့ဂျင်က သူ့နားရောက်လာပြီး စကားကိုကောင်းကောင်းပြောတဲ့အပြင် ကော်ဖီအတူသောက်ဖို့ပါချိန်းသွားတယ်တဲ့လား မယုံနိုင်စရာပဲ ငါနဲ့ရင်းရင်းနှီးနှီးနေဖို့ဆုံးဖြတ်လိုက်ပြီထင်တယ် ....