"ကိုကို...."
"ကျစ် ....
အဲဒီလိုခေါ်တာ မကြိုက်ဘူးလို့ပြောနေတယ်မလား...."ဘတ်စ်ကားပေါ်ရောက်ထဲက သူ့ပုခုံးတွေကို မှီပြီး သူ့လက်တွေကိုတင်းတင်းဆုတ်ကိုင်ထားတဲ့ ဂျောင်ကုက လွန်ခဲ့တဲ့ မိနစ်ပိုင်းတုန်းက လူကိုဇွတ်အတင်းဆွဲဖက်နမ်းခဲ့တာသူမဟုတ်တဲ့အတိုင်း ခုကျကိုလာလေးတစ်ကောင်လို ခိုကပ်နေပြန်တယ်....
ကိုကို...ဆိုပြီးတော့ ဆက်တိုက်လာခေါ်နေလို့
အော်လိုက်မိတော့ မျက်နှာငယ်ကလေးနဲ့ သူ့နောက်ကျောပေါ်မျက်နှာအပ်ပြီး ငြိမ်သွားရှာတယ်
လုပ်ချင်ရာဇွတ်လုပ်ပြီး ဆူရင်ကျ ၀မ်းနည်းသွားတဲ့မျက်နှာငယ်လေးနဲ့ တကယ်ပဲ ကလေးတစ်ယောက်ကောက်ရလာတာလားလိို့တောင် တွေးမိတယ်....ယုန်သွားကလေးတွေပေါ်အောင်ရယ်ပြီး ကိုကိုလို့လာခေါ်တိုင်း သဘျာကျမိပြီး မင်းရဲ့နှာခေါင်းလေးတွေ ပါးလေးတွေကိုဆွဲညှစ်ပစ်လိုက်ချင်တာ ကောင်လေးရဲ့....
မင်းငါ့ကို အဲဒီလိုတွေဆက်တိုက်လုပ်နေရင် ခက်ခဲတယ် ငါ့ပုံစံနဲ့ ဆန့်ကျင့်ဘက်လူတစ်ယောက်
ငါ့ကိုယ်ထဲက ထွက်လာတယ်လို့ခံစားရတယ်
ဆောရီး ဂျောင်ကု မင်းနဲ့ပက်သက်ပြီးပြောင်းလဲလာတဲ့ငါ့ပုံစံအသစ်ကို လက်ခံပေးဖို့ ခက်ခဲနေတုန်းပဲ....."ယောပေါလို့ခေါ်ရင်ရောရလားဟင်
Hyung လို့မခေါ်ချင်တော့ဘူး....""ဘာ.....
ဒီ #$@@@##$@&...."ဆော့ဂျင်လည်း ဂျောင်ကုကိုခပ်ကြိတ်ကြိတ်2ယောက်ကြားရုံဆဲမိတော့သည်
ကိုယ်ကတော့ အော်မိလို့ ဂရုဏာသက်နေတာ
ဒင်းက လူကိုဘယ်လိုသွေးတက်အောင် လုပ်ရမယ်စဥ်းစားနေပုံပဲ ...
မဟုတ်သေးပါဘူး တွဲနေတာလည်းမဟုတ်တာကို ဒီကောင်ဘာဖြစ်ချင်နေတာလဲ.....ဆော့ဂျင်လည်း သူ့ပခုံးပေါ်မှီနေတဲ့ ဂျောင်ကုကိုတွန်းထုတ်ပြီးအနောက်ကလွတ်နေတဲ့ခုံမှာသွားထိုင်လိုက်တယ်....
"လိုက်မလာနဲ့ အဲဒီနေရာကရွေ့မလာနဲ့ မသေချင်ရင်...."
သူ့နောက်ထလိုက်လာဖို့လုပ်နေတဲ့ ဂျောင်ကုကို
ဆော့ဂျင် အံကြိတ်စိုက်ကြည့်ပြီး ချိန်းခြောက်သလိုလေသံနဲ့ပြောလိုက်တယ်....