part ☁36

1.6K 201 57
                                    

"ခ်ခ်ခ် ဂျောင်ကုငယ်ငယ်ကအူယားစရာကောင်းလိုက်တာ ..."

ဂျောင်ကုမေမေထုတ်ပြတဲ့ ဓာတ်ပုံအယ်ဘမ်တွေကိုကြည်ပြီး ဆော့ဂျင်တခစ်ခစ်ရယ်နေမိတယ်..
ဂျောင်ကုပိစိကလေးက သိပ်အူယားစရာကောင်းတာပဲ ...

တကယ်က ဂျောင်ကူမေမေရုံးခန်းမှာ အချိန်ပိုင်းအလုပ်လုပ်ဖို့လာခဲ့တာ ရုံးခန်းက အိမ်နားလေးမှာပဲလေ
အဲဒါကြောင့် အိမ်ကိုအရင်လိုက်လည်ဆိုပြီး ဂျောင်ကုမေမေကသူ့ကိုခေါ်လာခဲ့တာ....

ဂျောင်ကုမေမေထုတ်ပြတဲ့ အယ်ဘမ်တွေထဲက ဂျောင်ကုကလေးဘ၀ပုံတွေကြည့်ပြီး ဆော့ဂျင်သဘောကျနေမိတယ် သူ့တို့မောင်နှမမှာဆိုမရှိသလောက်ပဲလေ
ဖေဖေရှိတုန်းကတော့ အဲဒီလိုအမှတ်တရဓာတ်ပုံတွေရိုက်ဖြစ်ခဲ့ပေမဲ့ ဖေဖေဆုံးပြီးနောက်ပိုင်း သီးသန့်ရိုက်တာမျိုးတွေမရှိတော့သလောက်ပဲ....
အဲဒါကြောင့် သူ့မှာ ငယ်ဘ၀ဓာတ်ပုံ များများစားစားရှိမနေခဲ့ဘူး....

....ဟမ်းးးးငါတိို့ကလေးအလှည့်ကျရင်လည်း တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ပုံလေးတွေကို သေချာမှတာတမ်းတင်ထားရမယ် ငါတို့ကလေးဆို ချစ်စရာကောင်းမှာပဲ ဒီလိုမျိုးရုပ်ကလေးတွေများဖြစ်နေမလား ဟိဟိ...

ဆော့ဂျင့် ဂျောင်ကု ဓာတ်ပုံကလေးပေါ် လက်ညှိုးလေးနဲ့တို့ထောက်ပြီး ကိုယ့်အတွေးနဲ့ကိုယ် သဘော ကျကာရယ်နေမိတယ်....

"သား အိုမားးအသီးတွေယူခဲ့တယ် စားလိုက်ဦး...

ဓာတ်ပုံတွေကို သဘောကျနေတာလား အိုမားတို့သားဂျောင်ကုလေးကချစ်စရာလေးပဲ ဟုတ်တယ်မလား...."

"ဟုတ် ကျေးဇူးပါအိုမား..."

ဆော့ဂျင်နှုတ်ခေါင်းလေးရှုတ်ကာ စဥ်းစားဟန်ပြလိုက်ပြီး ခေါင်းတဆက်ဆက်ညိတ်ပြရင်းဖြေလိုက်တယ်...

"သားက ပိုချစ်စရာကောင်းတယ် သားတို့လက်ထပ်ပြီးရင်အနည်းဆုံးမြေးလေးနှစ်ယောက်လောက်တော့ရချင်တာ....."

"အာ နှစ်ယောက်လား
ပန်းသီးက အရသာရှိလိုက်တာ ဘယ်က၀ယ်တာလဲအိုမား ...."

ဆော့ဂျင် သံယောင်လိုက်ရင်း စကားလမ်းကြောင််လွှဲဖို့ကြိုးစားလိုက်တယ်....
လက်ထပ်ဖို့ဆိုတဲ့ ကိစ္စကသူ့ကိုခေါင်းကိုက်စေတယ် တကယ်လို့များလက်ထပ်ဖြစ်ရင် တကယ်လို့များ ကလေးရခဲ့ရင် သူကောင်းကောင်းပျိုးထောင်နိုင်ပါ့မလား မသေချာဘူး သူကသက်ရှိတွေကိုထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ ညံ့တယ်လေ....

 က၀ေငယ်ရဲ့  ကောင်းကင်အိမ်မက်....☁☁(complete)Donde viven las historias. Descúbrelo ahora