လည်ပတ်နေတဲ့အချိန်စက်၀န်းထဲက ရွှေအိုရောင်အမှတ်ရတွေ..
ငါတို့အကောင်းဆုံးချန်ခဲ့နိုင်တဲ့ နောင်တကင်းသော ချစ်ခြင်းမေတ္တာတွေ...အချစ်ရေ ကိုယ်သတ်မှတ်တဲ့ လူဖြစ်ရကျိုးနပ်ခြင်းဆိုတာ ဘယ်အချိန်ပြန်ကြည့်ကြည့်
လတ်ဆက်ကြည်နူးစရာပြည့်နေတဲ့ အမှတ်တရကောင်းတွေကို ရှင်သန်လာတဲ့သက်တမ်းတစ်လျှောက် ဘယ်လောက်များများသယ်ပိုးနိုင်ခဲ့တယ်ဆိုတာပါပဲ.....>>>>>
"အဲဒီနေ့တုန်းက ဒက်ဒီက ဦးလေးယွန်းဂီနဲ့တွေ့ဖို့ကော်ဖီဆိုင်မှာစောင့်နေတာပေါ့...
အဲဒီအချိန်ဒယ်ဒီ့မြင်ကွင်းထဲကို ခရမ်းရောင်ဆံပင်တွေနဲ့ အ၀ါရောင်တီရှပ်၀တ်ထားတဲ့ ကလေးတို့ပါးပါး၀င်ရောက်တာပဲ...
အဲဒီတုန်းကဆို မင်းတို့ပါးပါးကအဆိုးလေးသိလား ကြည့်ဒီပုံထဲမှာဆိုမျက်နှာပေးကလူဆိုးလေးနဲ့တူတယ်မလား
အူးးး၀ါးးး ဆံပင်ခရမ်းနဲ့ကိုကိုကချစ်စရာကောင်းလိုက်တာ
ဒယ်ဒီကလေ ကလေးတို့ပါပါးကို Mr. Purple လို့ခေါ်ခဲ့တာ....."
"မင်းလျှောက်မပြောနဲ့ ငါကမဆိုးပါဘူးနော်
ပြီးတော့ဘာကို ချစ်စရာလေးလဲ ငါကအရမ်းချောတဲ့အမိုက်စားနော် မင်းကမှပါးတွေပြည့်ဖောင်းနေခဲ့တာအဲဒီတုန်းက တကယ့်ယုန်ပေါက်လေးသိလား ...."
"ဒါဆို ယုန်ပေါက်လေးက အရမ်းချောတဲ့အမိုက်စားအစ်ကိုကြီးကိုစားခဲ့တာပေါ့ ဟီးဟီး..."
"မင်းနော်ကလေးတွေရှေ့မှာ ပါးစပ်ကိုစည်းစောင့်စမ်းပါ ငါနဲ့တစ်ပွဲတစ်လမ်းရန်ဖြစ်ချင်နေလားဟမ်...."
"မောင်ကတိုးတိုးလေးပြောတာပါ ကြည့်သူတို့ဓာတ်ပုံတွေကိုစိတ်၀င်စားနေကြတာလေ မကြားပါဘူး..."
ဆော့ဂျင်ဂျောင်ကုကို မျက်စောင်းတစ်ချက်ထိုးပြီး ကလေးတွေဘေးနားတိုးကပ်လိုက်တယ်...
အရင်ကအမှတ်တရကောင်းတွေကိုပြန်ကြည့်ရတာပျော်စရာပဲ...
ဆိုး၀ါးတဲ့အမှတ်တရတွေရှိခဲ့ရင်တောင် အဲဒီအပေါ်သုံးသပ်သင်ခန်းစာယူပြီး ရှေ့ဆက်ရှင်သန်မှူတွေမှာ အမှားပိုနည်းလာအောင်ကြိုးစားရတာပေါ့ ဒါကအရွယ်ရောက်ရင့်ကျက်ခြင်းရဲ့ပြယုဇ်တစ်ခုပဲမဟုတ်လား....