"အိမ်ထဲထိ ချီသွားမယ်နော်ကိုကို...."
"ရပြီလို့ ငါ့ဘာသာလျှောက်မယ်...."
တက်စီပေါ်ကနေ အခန်းထဲထိပွေ့ချီသွားမယ်လုပ်နေတဲ့ဂျောင်ကုကို ဆော့ဂျင်တားလိုက်ရတယ်
တစ်လမ်းလုံး ကားပေါ်မှာလည်း သူ့ကို babying လုပ်လာတာ လူက အနှီးထုတ်ထဲပြန်၀င်ချင်စိတ်တောင်ပေါက်တယ်...."ကိုကိုကလည်း ခုဏတောင်ပွေ့ချီခဲ့သေးတာကို နော်...."
နောက်တော့လည်းအရမ်းပွေ့ချီချင်နေတဲ့ ဂျောင်ကုကိုဘာမှဆက်မပြောဘဲခွင့်ပေးလိုက်ရတာပဲ.....
တက်စီမောင်းတဲ့ အစ်ကိုကတော့ သူတို့2ယောက်ကိုကြည့်ပြီးပြုံးစိစိနဲ့....
>>>>>
"ကိုကို တစ်ခုခုစားမလား ကျွန်တော်ပြင်ပေးမယ်...."
"မင်းအဆင်ပြေရဲ့လား မင်းသူငယ်ချင်းတွေမင်းကိုစောင့်နေမယ်ထင်တယ်..."
"ရပါတယ်ကိုကိုရာ ကို့ကို့ထက်အရေးကြီးတာဘာရှိလို့လဲ ခဏနေရင် ပြန်နှင့်တဲ့အကြောင်းအစ်ကိုယွန်းဂီဆီစာပို့လိုက်မယ်...."
"အွန်းးးးး'"
"ဒါဆို နေ့လည်စာပြင်ပေးမယ်ခဏစောင့်နော် ကိုကိုဗိုက်ဆာနေပြီလား အဆာပြေတစ်ခုခုအရင်စားမလား..."
ဂျောင်ကုက သူ့ကိုဂရုတစိုက်နဲ့ အရိပ်တကြည့်ကြည့်လုပ်ပေးနေတာသဘောကျပေမဲ့ စိတ်ထဲဘာရယ်မသိအလိုမကျဖြစ်နေမိတယ်....
"ဂျောင်ကု မင်းငါ့ကိုဘာလို့မမှတ်မိရတာလဲ...."
"ဟင် ဘာကိုပြောတာလဲကိုကိုရဲ့ ..."
"မင်းးးးးး"
အလိုမကျတဲ့ပုံစံပြောင်းသွားတဲ့ ဆော့ဂျင်မျက်နှာကိုကြည့်ပြီး ဂျောင်ကုဘာလုပ်ရမှန်းမသိဖြစ်နေရတယ်...
ကိုကိုနဲ့သူက လွန်ခဲ့တဲ့မိနစ်ပိုင်းထိသာသာယာယာအဆင်ပြေပြေရှိခဲ့ကြတာမို့ အကြောင်းရင်းကိုစဥ်းစားလို့မရ..."ဘာကြောင့်မှန်းမသိပေမဲ့ တောင်းပန်ပါတယ်ကိုကိုရယ် ကျွန်တော်ဘာအပြစ်လုပ်မိလို့လဲဟင်...."
"မင်းငါ့ကိုမမှတ်မိဘူးလေ မကောင်းတဲ့ကောင် ငါပဲမှတ်မိရတယ်မင်းကတော့ဘာမှမသိဘူး...."
KAMU SEDANG MEMBACA
က၀ေငယ်ရဲ့ ကောင်းကင်အိမ်မက်....☁☁(complete)
Fiksi PenggemarFan fiction healing and romantic