ကစားကြည့်မလား ။ မြှောက်လိုက်ချလိုက် Gameလေး ။
သန့်စင်ခန်းမှအတန်းသို့ပြန်လာလမ်းတွင် ဘတ်ခ်ဟွန်း သူ့အကောင့်ထဲကပိုက်ဆံအနည်းငယ်ကို သာပေါင်းညာစား သူငယ်ချင်းတစ်သိုက်တို့၏ အကောင့်တိုင်းထဲလွဲထည့်ပေးလိုက်ပြီး ဖုန်းကိုပိတ်လျက်ဘောင်းဘီအိတ်ထောင်ထဲပြန်ထည့်ပြီး အတန်းဆီသို့သာထွက်လာခဲ့သည် ။
တစ်ခါတစ်လေ အပေါ်ယံကောင်းတဲ့ အပေါင်းအသင်းတွေနဲ့ ခပ်ကင်းကင်းနေထိုင်ရသလို ။ တစ်ခါတစ်လေ သူတို့နှင့်အတူ မြှောက်လိုက်ချလိုက် Gameလေးကိုလည်း အပျင်းပြေအနေနဲ့ သူလိုက်ကစားပေးတတ်သေးသည် ။
" ဘတ်ခ်ဟွန်း မြန်မြန်လိုက်လာခဲ့နော် .. ငါတို့ကွင်းထဲမှာမင်းကိုစောင့်နေမယ် "
အတန်းထဲသို့ရောက်သည်နှင့် သူ့ပခုံးလေးကိုတစ်ချက်စီပုတ်ပြီး အတန်းထဲမှပြုံးရယ်ပြီးထွက်သွားခဲ့ကြသော သူ့ရဲ့အပေါ်ယံကောင်းသော သူငယ်ချင်းတစ်စုကိုကြည့်ပြီး ဘတ်ခ်ဟွန်းမဲ့ပြုံးလေးနဲ့ ခေါင်းလေးသာခါရမ်းလိုက်သည် ။
တကယ်ပဲ ရေက အရာရာမှာအလုပ်ဖြစ်တယ်ဆိုတာ အမှန်ပါလား ။ ရေမလောင်းခင်တုန်းကညှိုးငယ်ခြောက်ကပ်နေတဲ့ပေါက်ပင်တွေက ရေလည်းလောင်းရော စိမ်းလန်းစိုပြေလိုက်တာမှ ကန်တင်းသွားဖို့ သူ့ကိုခေါ်တုန်းကမလိုက်လို့ စိတ်ဆိုးသွားကြတာ သူတို့မဟုတ်သလို ။
အဟက် ။ တယ်လည်းတက်နိုင်တဲ့ အယောင်အဆောင်တွေ ။
လူတစ်ယောက်မှမရှိတော့သည့် တိတ်ဆိတ်နေသော အတန်းငယ်လေး ။ ကာယအချိန်အတွက် အားကစားဝတ်စုံလဲရန် lockerလေးဖွင့်လိုက်သည်နှင့် တွေ့လိုက်ရသောအရာကြောင့် သူ့မျက်ဝန်းလေးတွေ ဝိုင်းစက်သွားခဲ့သည် ။
ဘယ်လိုကနေဘယ်လို ရောက်လာသလဲမသိသည့် သူ့အားကစားဝတ်စုံလေးအပေါ်က သူကျပျောက်သွားခဲ့တဲ့ သူ့ပိုက်ဆံအိတ်လေး ။
ဘေးဘီပတ်ဝန်းကျင်ကို မျက်လုံးလေးတစ်ချက်ဝှေ့ကြည့်လိုက်တော့ သူမှတစ်ပါး တစ်ခြားဘယ်သူ့ကိုမှမတွေ့ရ ။