𝐄𝐩𝐢𝐬𝐨𝐝𝐞 { 37 }

456 64 6
                                    

ကျောင်းPageပေါ်တက်လာသည့် မနေ့တစ်နေ့ကဖြစ်ပွားခဲ့သော ဓာတ်ပုံလေးတစ်ပုံကြောင့် မင်ယူရီဖုန်းကြည့်နေရာကနေထပြုံးလိုက်သည် ။

" ရွှမ်ဖုန်း ဒီမှာကြည့်ကြည့် "

မျက်နှာချင်းဆိုင်က မျက်လုံးမှိတ်ကာ သီချင်းနားထောင်နေသော ဘတ်ခ်ဟွန်းကို သူမတစ်ချက်ကြည့်ပြီး ရွှမ်ဖုန်းကိုပြန်ကြည့်ပြီး လက်ထဲကဖုန်းလေးကိုထောင်ပြလိုက်သည် ။

" ဘယ်လိုလဲ ချိုနေရောဟုတ် "

သူမမေးတော့ ရွှမ်ဖုန်းမှာ သူမဖုန်းမျက်နှာပြင်က ပုရွက်ဆိတ်တက်နိုင်သော ဓာတ်ပုံလေးကို သေချာစိုက်ကြည့်ပြီး ခေါင်းလေးညိတ်ပြလာသည် ။ ပြီးတော့ ဘေးက ဘတ်ခ်ဟွန်းကိုကြည့်ပြီး ခပ်ရေးရေးပြုံးလိုက်သည် ။

" အားရီးဂူး တစ်စုံတစ်ယောက်ကတော့မကြိုက်ဘူးမကြိုက်ဘူးနဲ့ ရင်ချင်းအပ်ပြီး အကြည်တွေစိုက်လို့ .. အဟင်း "

ဘတ်ခ်ဟွန်းသည် အတန်းထဲတွင် အမြဲနားကျပ်တတ်ထားသည် ။ တပ်ထားသောနားကျပ်မှာလည်းဘာသီချင်းသံမှကြားရခြင်းမရှိတာကို သိထားသော မင်ယူရီမှာ ဘတ်ခ်ဟွန်း မကြားကြားအောင် တမင်ပြောလိုက်တာမို့ ရွှမ်ဖုန်း ခေါင်းလေးတခါခါနဲ့ အပြုံးမပျက်ပေ ။

မင်ယူရီသည် သူတို့နဲ့နောက်မှခင်မင်ခဲ့ကြပေမယ့် သူငယ်ချင်းစည်းမှတစ်ပါး တစ်ခြားဘာစိတ်ညာစိတ်တွေမရှိပေ ။ ထို့အပြင် မင်ယူရီသည် ကျောင်းက တစ်ခြားမိန်းကလေးတွေနဲ့မတူ ။ သူတို့အတွက်တော့ ပေါင်းရသင်းရတာ အတော်အဆင်ပြေပြီး သက်တောင့်သက်သာဖြစ်ရသည် ။

သူတွေ့ဖူးတဲ့ တစ်ချို့မိန်းကလေးတွေမှာတော့ ယောကျ်ားလေးတွေက သူတို့ကို စကားလာပြောတာနဲ့ သူတို့ကိုစိတ်ဝင်စားတယ်လို့သာ တန်းပြီး မှတ်ယူတတ်ကြတာမို့ ပေါင်းသင်းရတာ သိပ်အဆင်မပြေပေ ။

ထို့ကြောင့်လည်း ကျိုးရွှမ်ဖုန်းသည် ကျောင်းမှာ ဘတ်ခ်ဟွန်းတစ်ယောက်တည်းကိုသာ သူငယ်ချင်းရွေးလုပ်ခဲ့သည် ။ အခုတော့ သူ့မှာနောက်ထပ်သူငယ်ချင်းတစ်ယောက်ကိုပါ ထပ်မံပိုင်ဆိုင်ထားရတာမို့ ကျိုးရွှမ်ဖုန်း စိတ်ထဲ အတိုင်းမသိပျော်ရသည် ။

|| THE VILLAIN'S AFFECTION ||Where stories live. Discover now