ဆေးရုံကုတင်ထက်ဆေးပိုက်တန်းလန်းနဲ့လှဲလျောင်းနေသော ကောင်လေးကိုကြည့်ပြီးချန်းယောလ်ရင်ပူတစ်ချက်မပျက်ခဲ့ရပါ ။
ဆရာဝန်မှာ အိပ်ရေးပျက်တာနဲ့ ကိုယ်ခံအားနည်းလို့ဖြစ်ရတာလို့အတည်ပြုပြီး စိတ်မပူဖို့ပြောသွားခဲ့သော ချန်းယောလ်ကတော့စိတ်မပူဘဲမနေနိုင်ခဲ့ပါ ။
ပြိုင်ပွဲပြီးလို့ ဆုယူဖို့အကြောင်းကိုတောင် ချန်းယောလ်စိတ်ထဲရှိမနေ ။ ဆေးရုံကုတင်ထက် သွင်းထားသောဆေးကြောင့် အိပ်မောကျနေသော ကောင်လေးအနားကကို တစ်ဖဝါးမှမခွာနိုင်ဘဲ ကောင်လေးလက်လေးကိုသာဆုပ်ကိုင်ပြီးပါးလေးကိုအပ်ထားရင်း ကောင်လေးရဲ့မျက်နှာလေးကိုသာ ချန်းယောလ်တစ်ချိန်လုံးထိုင်ကြည့်နေမိသည် ။
တစ်ကြိမ်တစ်ခါမက အဝေးကိုတွန်းထုတ်ခံနေရတာတောင် အမှတ်မရှိ ကောင်လေးအနားမှာပဲ အမြဲရှိချင်နေသော နှလုံးသားလေး ။ ကောင်လေးဘက်က ဘယ်လောက်ပဲ သူ့ကိုအဝေးကိုတွန်းထုတ်ထုတ် သူကတော့ နာကျင်နေရတာတောင် ကောင်လေးရဲ့နှလုံးသားနဲ့ အနီးစပ်ဆုံးနေရာမှာ အမြဲရှိနေနိုင်ဖို့ကို ကြိုးစားနေဦးမှာပဲဖြစ်သည် ။
" ပတ်ချန်းယောလ်ရှီ ပြိုင်ပွဲဒိုင်းဆုယူဖို့ကျန်နေသေးတယ်မလား "
အခန်းအပြင်ဘက်တွင် ဆရာဝန်နဲ့စကားပြောပြီး အခန်းထဲကိုပြန်ဝင်လာသော အွန်မင်းမှ ပြောလာတာကြောင့် ချန်းယောလ်ကုတင်ထက်မေးထောက်ထားရာမှခါးလေးပြန်ဆံ့ထိုင်လိုက်သည် ။
" ပတ်ချန်းယောလ်ရှီ ကိစ္စရှိသေးရင် ပြန်ချင်ပြန်လို့ရတယ်နော် .. ဟွန်းငယ်အနားမှာလည်း ကိုယ်ရှိနေတယ်ဆိုတော့ "
" ရပါတယ် .. ကျွန်တော် ဟွန်းနီအနားမှာတစ်ချိန်လုံးရှိနေပေးမှာမို့ ဦးလေးငယ်ကိစ္စရှိရင်ပြန်ချင်ပြန်လို့ရတယ် .. ကျွန်တော်အဆင်ပြေပါတယ် .. ဟွန်းနီလောက် ဘယ်အရာကမှ ကျွန်တော့်အတွက်အရေးမကြီးဘူး .. ဦးလေးငယ်ပြန်ချင်ပြန်လေ .. ဟွန်းနီအတွက် ဘာမှမပူပါနဲ့ .. ကျွန်တော်ရှိပါတယ် "
အွန်မင်းတစ်ချက်ကြောင်သွားသည် ။ အခု ချန်းယောလ်က သူ့အပေါ်ကို ကောင်လေးခေါ်သလို ဦးလေးငယ်လို့ခေါ်လာတယ်တဲ့လား ။