ဘတ်ခ်ဟွန်း သန့်စင်ခန်းထဲမှပြန်ထွက်လာခဲ့စဥ် ဘယ်အချိန်ကတည်းက သန့်စင်အဝင်ဝတွင်ရောက်နေခဲ့သလဲမသိသော ချန်းယောလ်ကိုတွေ့လိုက်ရတာကြောင့် ဘတ်ခ်ဟွန်း ခြေလှမ်းတို့မှာ သန့်စင်ခန်းအဝတွင် ရပ်တန့်သွားခဲ့ရသည် ။
" ကိုယ့်ကိုမြင်ပြီး ဘာလို့မခေါ်ဘဲထွက်သွားရတာလဲ "
ဘတ်ခ်ဟွန်းမျက်ခုံးလေးတွေပင့်လိုက်သည် ။
သန့်စင်ခန်းသွားတာ အဖော်လိုလို့လား ? ။
" ဘာအတွက်လဲ "
အမြဲတမ်း သူ့ကိုဆန့်ကျင်ဘက်တွေပဲပြန်ပြောတတ်သောကောင်လေးကို ချန်းယောလ်မျက်လုံးမှေးတွေနဲ့ကြည့်ပြီး ကောင်လေးအရှေ့သို့ခြေလှမ်းလေးတွေတိုးသွားခဲ့တော့ ကောင်လေးမှာသူ့ရှေ့တိုးလာတဲ့ခြေလှမ်းအရေအတွက်တိုင်း အနောက်ကိုဆုတ်ဆုတ်သွားခဲ့သည် ။
" ပတ် .. ပတ်ချန်းယောလ် "
အနောက်ဆုတ်ရလွန်းလို့ ကျောပြင်တစ်ခုလုံးမှာ သန့်စင်ခန်းနံရံနဲ့ကပ်သွားခဲ့တာမို့ ဘတ်ခ်ဟွန်း သူ့ကိုဘာစကားမှမပြောဘဲ သူ့မျက်နှာကိုသာငုံ့ကြည့်မပျက်သောချန်းယောလ်နာမည်လေးကို နှုတ်ဖျားမှတိုးတိုးလေးခေါ်လိုက်သည် ။
ထပ်ဆုတ်စရာလမ်းမရှိတော့အခြေအနေနဲ့ ချောင်ပိတ်မိနေသောသူ့အနားကို ချန်းယောလ်မှာ တဖြေးဖြေးထပ်ကပ်လာတာကြောင့် လက်ရှိ သူနဲ့ချန်းယောလ်အနေအထားမှာတစ်ယောက်ရဲ့ထွက်သက်ကိုတစ်ယောက် ပြန်ခံစားနေရသောအနေအထားပင်ဖြစ်သည် ။
နမ်းမိရုံမတက် နီးသထက်နီးကပ်လွန်းလာသော ချန်းယောလ်မျက်နှာကြောင့် ဘတ်ခ်ဟွန်းခေါင်းလေးကို ငုံ့လိုက်မိသည် ။
တဒိတ်ဒိတ်နဲ့အဆမတန်မြင့်တက်လာသော ရင်ဘတ်ထဲကမကောင်းဆိုးဝါးလေးကောင်းမှုကြောင့် လက်လေးတွေကပါ အယောင်ယောင်အမှားမှားနဲ့ ကျစ်ကျစ်ဆုပ်ကိုင်ထားမိလို့ ။
" ကိုယ်ကဘာဖြစ်လဲ "
ချန်းယောလ် သူ့အရှေ့က ခေါင်းငုံ့နေသော ကောင်လေးကိုကြည့်ပြီးပြုံးလျက် မေးလိုက်သည် ။