𝐄𝐩𝐢𝐬𝐨𝐝𝐞 { 10 }

1.3K 208 4
                                    

ကျောင်းပိတ်ရက်ဖြစ်သော်လည်း ဖခင်ဖြစ်သူ၏တစ်ချက်လွှတ်အမိန့်ဆန်ဆန် ' ဒီနေ့ ကုမ္ပဏီကိုသူနဲ့အတူလိုက်ခဲ့ရမယ် ' ဆိုသောစကားကြောင့် ဘတ်ခ်ဟွန်း မနက်အစောကြီးအိပ်ရာထကာ ဝတ်စုံအပြည့်အစုံဝတ်ဆင်ပြီး အောက်ထပ်သို့ဆင်းလာခဲ့သည် ။

မူလကမ္ဘာကတည်းက မိဘပိုင်ကုမ္ပဏီကိုမလိုက်ချင်သောစိတ်မှာ ယခုဒီကမ္ဘာရောက်တဲ့အထိတိုင်ပျောက်ကွယ်သွားခြင်းမရှိခဲ့ ။ ကျောင်းပိတ်ရက်လေး အိမ်မှာအေးရာအေးကြောင်းနေချင်သော်လည်း ကုမ္ပဏီကိုမလိုက်ရင် ဆိုင်ကယ်သော့သိမ်းမယ်လို့ခြိမ်းခြောက်လာသောဖခင်ဖြစ်သူကြောင့် ဘတ်ခ်ဟွန်းစိတ်ရှုပ်ရှုပ်နှင့်ပင် ကုမ္ပဏီသို့လိုက်ပါသွားခဲ့ရသည် ။

ကုမ္ပဏီသို့ရောက်သည်နှင့် သူမသင်ကြားချင်သောအလုပ်တွေကိုပြောပြပြီး တစ်ဆက်တည်းမှာပင် သူတို့ကုမ္ပဏီကအသစ်ဖွင့်လှစ်ထားသော ကုန်တိုက်ကိုပါခေါ်သွားပြီးလိုက်ပြတာကြောင့် သူ့ခင်ဗျာ ဆရာမမှကလေးကို ကျောင်းပိတ်ရက်မှာလုပ်ရန် မနိုင်မနင်းအိမ်စာတွေပေးလိုက်သလို သေးငယ်သောမှတ်ဥာဏ်လေးနှင့်အကုန်လိုက်မှတ်နေရသည် ။

လက်ဗလာနှင့်သာလိုက်လာခဲ့ရသော်လည်း သူ ကုန်တိုက်ကိုရောက်သွားတဲ့အချိန်မှာတော့ ဗလာဖြစ်နေသောသူ့လက်ထဲ စာအုပ်တစ်အုပ်နဲ့ဘောပင်လေးတစ်ချောင်းမှာ ဘယ်အချိန်ကတည်းရောက်လာခဲ့သလဲမသိပေ ။

အရှေ့က ကုန်တိုက်အတွင်းကြီးကြပ်ရသောဝန်ထမ်းပါးစပ်ကပြောသွားသမျှထဲမှ မှတ်သားရမည့်အချက်တို့ကိုသာ သူလိုက်မှတ်ရင်း ဘာလိုလိုနဲ့ နေ့တစ်ဝက်ကျိုးသွားခဲ့ရသည် ။

နေ့လယ်စာစားချိန်ရောက်သည့်အခါမှာတော့  အစည်းအဝေးဆက်ရှိတာကြောင့် ဖခင်ဖြစ်သူမှာအစည်းအဝေးရှိရာ ကုမ္ပဏီသို့ပြန်သွားပြီလို့သိလိုက်ရသည်နှင့် တစ်ချိန်လုံး ကျောက်တုံးဆွဲထားရသလိုလေးလံနေသောစိတ်တို့မှာ ရုတ်ချည်း လေနှင်ရာကောင်းကင်ထက်လွှင့်မျောနေသော တိမ်တိုက်လေးအလား ပေါ့ပါးသွားခဲ့သည် ။

|| THE VILLAIN'S AFFECTION ||Where stories live. Discover now