" ငယ်အဆင်သင့်ဖြစ်ပြီ ကိုကြီး .. သွားရအောင် "
အပေါ်ထပ်မှပါတီသွားရန်ပြင်ဆင်ပြီးဆင်းလာခဲ့သောသူမရဲ့ပြောစကားကိုကြားပုံမပေါ်ဘဲ ဧည့်ခန်းအနှံ့မျက်လုံးကစားနေသော ခင်ပွန်းဖြစ်သူကြောင့် သူမမျက်မှောင်လေးကြုတ်ကာအမေးထပ်ဆိုလိုက်သည် ။
" ကိုကြီး ဘာတွေလိုက်ကြည့်နေတာလဲ "
" ငယ် သားကိုမတွေ့မိဘူးလား .... ကိုကြီးတို့ အခုသွားမယ့်ပွဲက သားမပါလို့မဖြစ်ဘူး ငယ် "
" သားမပါလို့ဖြစ်ဘူးဆိုတော့ ... အခုငယ်တို့သွားမယ့်ပွဲက ဘာပွဲများမို့လဲ ကိုကြီးရယ် "
" အချိန်တန်ရင် ငယ်သိရမှာပါ "
လျှို့ဝှက်စွာပြန်တုံ့ပြန်ပေးလာသော ခင်ပွန်းသည်ရဲ့စကားကြောင့် သူမမျက်ခုံးလေးတစ်စုံမှာ အပေါ်သို့ပင့်တက်သွားခဲ့သည် ။
ဗြောင်ဘတ်ခ်ဟွန်းမပါလို့မဖြစ်ဘူးဆိုတော့ အခုသူမတို့သွားမယ့် ပွဲကဘာပွဲများမို့လဲ ? ။
....................
အဖေမှ ပါတီပွဲတစ်ပွဲအတူသွားရန် အသိပေးပြောကြားသွားခဲ့သော်လည်း အတုအယောင်တွေပေါများသောပွဲတွေတက်ရောက်ခြင်းကို သူမနှစ်မျို့ပေမယ့်လည်း အဖေယ၏စကားအားလွန်ဆန်ချင်စိတ်မရှိတာကြောင့် အဆင်ပြေမယ့် အပြာရောင်အနောက်တိုင်းဝတ်စုံလေးကိုဝတ်ဆင်ပြီး ပါတီပွဲတက်ရန်ပြင်ဆင်ပြီးသည်နှင့် အောက်ထပ်တွင်သူ့ကိုစောင့်မျှော်နေသော အဖေတို့ဆီသို့ ထွက်လာခဲ့သည် ။
ပါတီပွဲကျင်းပရာအဆောက်အဦးအတွင်းရောက်သည်နှင့် အပြုံးများစွာဖြင့်ဆီးကြိုနေကြသော အဖေနှင့်သိကျွမ်းရင်းနှီးခင်မင်ကြသော စီးပွားရေးသမားတို့ကိုကျော်လွန်၍ လူနေသိပ်မရှိသောထောင့်လေးတစ်ထောင့်တွင်သာသူရပ်ရင်း စားပွဲထိုးမှကမ်းပေးလာသော ဝိုင်ခွက်လေးကိုသာအလှကိုင်ရင်း မျက်လုံးကစားနေမိသည် ။
ကြီးကြီးတက်သောချမ်းသာကြသောအသိုင်းအဝိုင်းမှအမျိုးသမီးတို့၏ အဝတ်အစားယှဥ်ပြိုင်မှုများ ။ တစ်ဖန်အမျိုးသားတို့၏ ကြင်ယာဖက်ကောင်းရရှိထားသည်ကိုပြိုင်ပြောကြသည့်စကားများ ။ နားရည်ဝလှပြီဖြစိသော်လည်း မကြားချင်ဘဲကြားမြဲနေရတာကြောင့် လက်ထဲကဝိုင်ခွက်လေးထဲမှဝိုင်လေးတွေကိုသာ ခွက်ထဲလှုပ်ရှားမှုရှိအောင်လှုပ်ရမ်းပေးရင်း ဘာရယ်မဟုတ် နှုတ်ခမ်းပါးလေး တွန့်ကွေးမိသည် ။