" ဟိုမှာ ..... ကိုကိုဘတ်ခ်ဟွန်း "
တွဲထားသောအစ်ကိုဖြစ်သူချန်းယောလ်၏လက်ကလေးကိုဖြုတ်ချပြီး မလှမ်းမကမ်းရှိ လက်မှတ်အရောင်းဌာနအရှေ့တွင်ရပ်နေသော ဘတ်ခ်ဟွန်းဆီသို့ မီဟိုတစ်ယောက် အပြေးလေးပြေးသွားခဲ့သည် ။
" ကိုကိုဘတ်ခ်ဟွန်း "
ရုတ်တရက်ဆန်စွာ သူ့လက်ကလေးကိုဖမ်းဆုပ်ကိုင်ပြီး အပြုံးလေးတွေနဲ့ သူ့အနားရောက်လာသောမီဟိုကြောင့် ဘာရယ်မဟုတ် ဘတ်ခ်ဟွန်းတစ်ယောက် သူကိုယ်တိုင်တောင်မသိလိုက်ပဲ ရုံအတွင်းမျက်ဝန်းတစ်စုံကစားလိုက်မိသွားသည် ။
" ကိုကိုဘတ်ခ်ဟွန်းလည်းဒီကားလာကြည့်တာပဲလား "
" အင်း ... ဟုတ်တယ် ညီမလေး "
ပေါက်ပေါက်ဆိုင်အရှေ့တွင် နှစ်ကိုယ်တူယှဥ်တွဲရပ်နေသော ဟန်ဂါအွန်းနှင့်ချန်းယောလ်တို့ကိုတွေတွေလေးငေးကြည့်ပြီး ဆုပ်ကိုင်ထားသော သူ့လက်ကလေးကိုဘယ်ညာလွဲကာမေးနေသော မီဟိုလေးကိုသူပြန်ကြည့်ပြီးပြုံးလျက်ပြန်ဖြေပေးလိုက်သည် ။
" ကိုကိုဘတ်ခ်ဟွန်းတစ်ယောက်တည်းလာကြည့်တာလား "
" မဟုတ်ဘူးညီမလေး ... ကိုကိုက ကိုကို့ဦးလေးငယ်နဲ့အတူလာကြည့်တာ ... ဒါကကိုကို့ဦးလေးငယ်ဂျောင်အွန်မင်း ... ဦးလေးငယ် ဒါက ပတ်မိသားစုရဲ့အငယ်ဆုံးသမီးပတ်မီဟိုတဲ့ "
သူမိတ်ဆက်ပေးခြင်းအဆုံးတွင် ကလေးမလေးမှာမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ သူ့ဘေးတွင်ယှဥ်ရပ်နေသော ဦးလေးငယ်ကို ကြောင်တောင်တောင်လေး ပြန်ကြည့်ရင်း မျက်တောင်လေးတွေ တဖျတ်ဖျတ်ခတ်ကာ ဦးညွှတ်နှုတ်ဆက်နေလေသည် ။
" တွေ့ရတာဝမ်းသာပါတယ် ဦးလေးငယ် "
" ကိုယ်လည်း တွေ့ရတာဝမ်းသာပါတယ် ပတ်မီဟိုရှီ "
" မီဟို ညီမလေး .. ညီမလေးက ဒီကိုရောက်နေတာကိုး ... မမကမုန့်ဝယ်နေတုန်း ညီမလေးပျောက်သွားလို့စိတ်ပူလိုက်ရတာ "