" ဘတ်ခ်ဟွန်းရား ညကကောင်းကောင်းအိပ်ပျော်ရဲ့လား "
နေ့လယ်စာစားနေသောသူနှင့် မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်ရင်း အပြုံးလေးတွေနဲ့ဆိုလာသော ဇာတ်လိုက်မ ဟန်ဂါအွန်းကို သူမြင်လွှာလေးတစ်ချက်ပင့်ကြည့်ပြီး စားလက်စနေ့လယ်စာကိုသာ နှုတ်ဆိတ်ကာဆက်စားနေလေသည် ။
" ဘတ်ခ်ဟွန်းရား ဘာဖြစ်လို့လဲ .. ငါ့ကိုစကားမပြောတော့ဘူးလား "
ဖြူစင်သောမျက်နှာထားတွေနဲ့ သူ့မျက်နှာကိုစိုက်ကြည့်ပြီး အသနားခံနေသော ဟန်ဂါအွန်း ။ ချောမောလွန်းတဲ့ရူပါ ။ ချိုသာလွန်းတဲ့အသံနှင့် လူတိုင်းအပေါ်နှိမ့်ချပြောဆိုဆက်ဆံတတ်ပုံကိုက တကယ့်ကို ဇာတ်လိုက်မ ပီသပါပေ့ ။
သို့သော်လည်း အတွင်းတစ်နေရာရာမှာ ဖုံးကွယ်ထားတဲ့ ပုတ်သိုးနေတဲ့အနံကတော့ သူ့နှာခေါင်းကို မဖုံးကွယ်ထားနိုင်ပါ ။
အစားအသောက်ပျက်ကာ စိတ်ရှုပ်လာတာကြောင့် နေ့လယ်စာစားနေရာမှ ကန်တင်းထဲကထထွက်ဖို့လုပ်တော့ သူမမှာအနောက်ကနေ သူ့လက်ကိုလှမ်းဆွဲလာလေသည် ။
" ဘတ်ခ်ဟွန်းရား ငါမှားသွားပါတယ် ... သူမြှောက်ပေးလို့ ငါမိုက်ရူးရဲနဲ့လုပ်လိုက်မိတာပါ .. နောက်ထပ်ပြီး ငါမလုပ်တော့ပါဘူး "
ရှေ့နောက်ဆက်စပ်မှုမရှိသော ဟန်ဂါအွန်း၏စကားတို့ကြောင့် ပင့်တက်သွားခဲ့မျက်ခုံးတစ်စုံ ။
" မှားသွားပါတယ် ? ... အဲ့ဒါက ဘာကိုဆိုလိုတာလဲ "
မျက်လုံးမှေးလေးတွေနဲ့စိုက်ကြည့်ပြီး သူမေးတော့ ချက်ချင်းပင် ပျက်ယွင်းသွားခဲ့သော ဟန်ဂါအွန်း၏ မျက်နှာထားကိုစိုက်ကြည့်ရင်း ငြိမ်သက်နေသော သူ့ခေါင်းထဲသို့ အတွေးများစွာဝင်ရောက်လို့လာခဲ့သည် ။
" မဟုတ်ဘူး .. ဘာမှမဟုတ်ပါဘူး ဘတ်ခ်ဟွန်းရား "
ချက်ချင်းကိုအငြင်းဝါကျဘက်သို့ ပြောင်းလွဲထွက်ဆိုသော ဟန်ဂါအွန်းကိုသာ သူစေ့စေ့စိုက်ကြည့်ရင်း စိတ်ထဲသံသယဝင်မိသည် ။