" ဘတ်ခ်ဟွန်း ဟိုကောင်လေးနဲ့ပြတ်သွားပြီ မောင် "
ဂျောင်အွန်ဂျောင်းက ကြမ်းပြင်ထက် ဟိုတစ်စဒီတစ်စပြန့်ကျဲနေသော သူမရဲ့အဝတ်အစားတို့ကို ပြန်ကောက်ယူဝတ်ပြီး ကုတင်ထက်တွင် အပေါ်ပိုင်းကိုယ်ဗလာနဲ့ ဆေးလိပ်သောက်နေသော သူမရဲ့မောင်ကိုလှမ်းပြောလိုက်သည် ။
" ဟုတ်လား "
" အင်း .. ဒါမောင့်အတွက်အခွင့်အရေးပဲ .. ဒီတစ်ခါတော့ မောင်ဘက်က သေချာပိုင်နိုင်အောင် လုပ်ဖို့ပဲလိုတော့တယ် "
သူမစကားအဆုံး မောင်မှာ သူမခါးလေးကို အနောက်ကနေသိုင်းဖက်ပြီး သူမပခုံးထက် မေးဖျားလေးတင်လျက် သူမရဲ့နားလေးကို တစ်ချက်နမ်းလာသည် ။
" စိတ်ချပါ မ .. ဒီတစ်ခေါက်တော့ ' မ 'ဖြစ်ချင်တဲ့ ဆန္ဒအတိုင်း ဖြစ်လာစေရမယ်လို့ မောင်ကတိပေးတယ် "
" မောင်ပြောတာနော် "
" အရင်ကမအောင်မြင်တာက ဟိုပတ်ကောင်လေးရှုပ်နေလို့ မအောင်မြင်ခဲ့တာ အခုတော့ ဘတ်ခ်ဟွန်းအနားမှာ ကပ်ခွာလို လိုက်ကပ်နေတဲ့ ဟိုပတ်ကောင်လေးမရှိတော့ဘူးဆိုတော့ ဘတ်ခ်ဟွန်းကို ချဥ်းကပ်ဖို့က အရင်လောက် သိပ်မခက်ခဲတော့ပါဘူး "
" အင်းလေ .. စောင့်ကြည့်ရသေးတာပေါ့ .. မောင့်ရဲ့အစွမ်းအဆကို "
" ဘာလဲ .. မကမောင့်ရဲ့အစွမ်းအဆကို မယုံလို့လား ဟင် "
ပြောရင်းဆိုရင်း ပြန်ဝတ်ထားတာ မကြာသေးတဲ့ အဝတ်အစားတွေကို ချွတ်ဖို့ ဟန်ပြင်နေသော သူ့လက်တွေကို သူမ ပြန်ဖမ်းကိုင်လိုက်ပြီး အပြုံးလေးတွေနဲ့ ..
" တော်ပြီ မောင် .. မအိမ်ပြန်နောက်ကျလိမ့်မယ် "
လိုချင်တာမရလို့ နှုတ်ခမ်းဆူလျက် ..
" မကလည်းကွာ .. မောင်တို့ မတွေ့ရတာ ဘယ်လောက်တောင်ကြာပြီလဲ .. လနဲ့တောင်ချီနေပြီ .. အရင်က နေ့တိုင်း မကိုတွေ့ခွင့်ရပေမယ့် .. အခုကအရင်လိုမှမဟုတ်တော့တာ "
သူပြောတာလည်း ဟုတ်သည် ။
အရင်ကဆို သူမ သူနဲ့နေ့တိုင်းတွေ့ဖို့အချိန်ဖန်တီးနိုင်ခဲ့သည် ။