အမှောင်ထဲပုန်းခိုနေသော လူကို မြင်ဝါးထင်ထင် တွေ့လိုက်ရသည်နှင့် ဘတ်ခ်ဟွန်းမျက်ဝန်း တဖြေးဖြေးဝိုင်းစက်သွားခဲ့သည် ။
" မင်း ! "
ထိုသူ .. ? ။
သူနဲ့ clubမှာတိုက်မိတဲ့သူ ။
ကျောင်းစင်္ကြန်လျှောက်လှမ်းမှာ သူ့ကို သကြားလုံး လှမ်းပေးတဲ့ သူ ။
ဆိုင်ကယ်ပြိုင်ပွဲမှာ သူအနိုင်ပိုင်းပြီး ဆိုင်ကယ်သိမ်းခဲ့တဲ့သူ ။
အစ်ကိုဂျောင်ပြောပြတဲ့ အမြဲတမ်း maskတတ်ထားတဲ့ အစ်ကိုလေးဆိုတဲ့ သူ ။
ထိုသူက တကယ်ပဲ ဒီဇာတ်လမ်းရဲ့ အဓိကဖန်တီးသူ စာရေးဆရာအစစ်တဲ့လား ။
" မင်းက .. "
" ဟုတ်တယ် ကိုယ်ပဲ "
အနက်ရောင်Maskထက်က မျက်ဝန်းလေးတွေ ။
ပျောက်ကွယ်သွားခြင်းမရှိသော ရင်းနှီးသယောင်အငွေ့အသက်တို့ ။
တိကျခြင်းမရှိဘဲ ဇဝေဇဝါးဖြစ်လျက်ရှိသား ။
" ကျေးဇူးပြုပြီး မူလဇာတ်ကြောင်းအတိုင်းဆက်သွားပေးဖို့ ကိုယ့်ဘက်ကတောင်းဆိုပါတယ် ဗြောင်ဘတ်ခ်ဟွန်း "
" မင်းမဟုတ်လား .. ဗီလိန်ကို ရေကူးကန်ထဲတွန်းချခဲ့တဲ့ တရားခံ "
" ဟုတ်တယ် ကိုယ်ပဲ "
စာရေးဆရာက ငြင်းဆန်ခြင်းတစ်ချက်မရှိဘဲ ဘတ်ခ်ဟွန်းအမေးကို ဝန်ခံလာသည် ။
" ဘာလို့အဲ့လိုလုပ်ရတာလဲ မင်းကိုယ်တိုင်ဖန်တီးထားတဲ့ဇာတ်ကောင်ကိုပြန်သတ်တာက မှန်တယ်လို့ထင်နေတာလား "
" ကိုယ်အဲ့လိုမှမဟုတ်ရင် ကိုယ်ကိုယ့်ကမ္ဘာကိုပြန်လို့မရနိုင်ဘူးလေ "
" မင်းအဲ့လိုလုပ်လိုက်တော့ရော .. အခုမင်းက မင်းကမ္ဘာကိုပြန်ရောက်ပြီတဲ့လား "
သူပြောတော့ စာရေးဆရာဆိုသောသူမှာ မျက်စိမျက်နှာပျက်သွားခဲ့သည် ။
မြင်လွှာလေးကို တခဏအောက်ချထားခဲ့ရာက သူ့ကိုပြန်ဝင့်ကြည့်လာခဲ့ပြီး ...
" မင်း ဒီထက်ပိုပြီးရှေ့ဆက်မတိုးရင်ကောင်းမယ် ဗြောင်ဘတ်ခ်ဟွန်း .. ဒါ ကိုယ့်ဘက်က မင်းကိုပြောပေးနိုင်တာအကုန်ပဲ "