တိတ်ဆိတ်နေသော ကျောင်းစာကြည့်တိုက်ဝယ် တစ်ခုတည်းသော ဆူညံ့နေသောအသံမှာ စာအုပ်ကြီး အရှေ့ချပြီး စာမလုပ်ဘဲ စိတ်လွင့်နေသော ယူရီတစ်ယောက်ရဲ့ သက်ပြင်းသံတို့သာ ဖြစ်သည် ။
ပညာသင်ခွင့်ဆုရကျောင်းသူမို့ စာကြိုးစားသော ကျောင်းသူတွေထဲပါဝင်နေပေမယ့် ဘတ်ခ်ဟွန်းတို့အကြောင်းကိုကြားသိရပြီးနောက်ပိုင်း ယူရီရဲ့စိတ်အလုံးစုံတို့မှာ တစ်ချက်ကလေး မပျော်နေတော့ပေ ။
" မင်းကိုပေးတာ "
ယူရီက ခပ်ပြုံးပြုံးနဲ့ သူမအရှေ့ကို လာထိုင်ပြီး သူမလက်ထဲကို ပိုက်ဆံတစ်အိတ်လုံးထည့်ပေးလာတဲ့ ကျိုးရွှမ်ဖုန်းကို တစ်ချက်ကြည့်လိုက်သည် ။
" ဒါက ဘာလဲ "
သူမ မေးတော့ ကျိုးရွှမ်ဖုန်းက အပြုံးမပျက် ..
" လောင်းကြေးလေ "
သူမမျက်မှောက်ကြုတ်လိုက်တော့ ကျိုးရွှမ်ဖုန်းက မျက်ခုံးလေးပင့်ကာ ..
" မေ့သွားပြီလား .. ငါတို့လောင်းထားကြတာကို "
ယူရီမျက်မှောင်ကြုတ်ကြုတ်နဲ့သာ ကျိုးရွှမ်ဖုန်းကို သေချာစိုက်ကြည့်သည် ။
ဒီလို အချိန်မှာ နောက်ပြောင်နေနိုင်သေးတဲ့ ကျိုးရွှမ်ဖုန်းကို သူမတကယ်အံ့သြမိသည် ။
" နင် ဒီလိုအချိန်မျိုးမှာတောင် နောက်ပြောင်နေနိုင်သေးတယ်နော် "
ကျိုးရွှမ်ဖုန်းက ပခုံးတစ်စုံကိုတွန့်ပြကာ ဘာဖြစ်လဲဆိုသော သဘောဖြင့် မေးငေါ့လာသည် ။
" နင်တကယ်ပဲ .. "
ယူရီ ဒေါသထွက်လျက် အတက်နိုင်ဆုံး သူမရဲ့အသံကို ကျယ်မထွက်သွားအောင်ထိန်းထားပြီး လေပူတစ်ချက်မှုတ်ထုတ်ကာ ..
" တော်ပြီ .. ငါသွားတော့မယ် "
ယူရီ ဖတ်လက်စစာအုပ်ကိုပိတ်ပြီးရင်ဝယ်ပိုက်ကာ စာကြည့်တိုက်ကနေထထွက်လာခဲ့သည် ။