Chapter 2

12.7K 490 25
                                    

" ကလေး စာကိုသေချာလုပ်နော် ပြီးတော့ ...

" စပ်တာတွေမစားနဲ့စာသင်ခန်းထဲမှာငြိမ်ငြိမ်နေစာကိုအာရုံစိုက်အပြန်လာကြိုမယ်မသိတဲ့သူတွေကိုစကားလက်ခံမပြောနဲ့ဒါပဲပြောဦးမှာမလားဦးမင်းရောင် "

သူပြောမယ့်စကားတွေကိုတစ်လုံးမကျန်ရွတ်ပြနေတဲ့ကလေးကြောင့်ကလေးရဲ့ဆံပင်လေးတွေကိုဆွဲဖွလိုက်မိတယ်။ဘယ်အချိန်ကတည်းကအဲ့လောက်ထိဂရုစိုက်သွားသလဲဆိုတာကိုတော့သူကိုယ်တိုင်ပင်မသိ

" ခင်ဗျားဟာလေမိန်းမကြီးကျနေတာပဲ ခင်ဗျားယူမယ့်မိန်းမအတွက်တော့ကျွန်တော်ရင်လေးတယ် ကားပေါ်မှာကတည်းကပြောလာလိုက်တာနားကိုအူးးးလို့ "

နှုတ်ခမ်းတထော်ထော်နဲ့ရန်တွေ့နေတဲ့အရှေ့ကကလေးကိုမင်းရောင်သိပ်ကိုအသဲယားနေမိသည်။ကလေးကသူ့ကိုအခုလိုလက်ခံစကားပြောနေတာသူတကယ်ကိုပျော်ရွှင်နေမိသည်။

အရင်ကဆိုအမြဲရှောင်နေပြီးအနားတောင်အကပ်မခံတဲ့ကလေး တွေ့တိုင်းရန်တွေ့တွေ့လုပ်နေတတ်တဲ့ကလေးကဒီနေ့မနက်ခင်းတွင်တော့စကားတွေအများကြီးပြောဖြစ်ခဲ့ကြသည်။ကလေးကယောက်ျားလေးတစ်ယောက်ဆိုတာကိုသိပေမယ့်သူ့စိတ်ထဲဘယ်လိုမှကိုထိန်ချုပ်မရတော့ပဲကလေးသာစိုးမိုးခဲ့သည်။တွဲခဲ့သမျှမိန်းကလေးတိုင်းရဲ့ရေမွှေးနံတထောင်းထောင်းနဲ့ဆေးဆိုးပြီးပန်းရိုက်ထားတဲ့အလှတွေကကလေးရဲ့တစ်ခါတစ်ရံလူတတ်တဲ့သနပ်ခါးပါးကွက်ကြားလေးတွေကိုတောင်မယှဉ်နိုင် ကလေးကိုပထမဆုံးရင်ခုန်မိခဲ့တာပါပဲ...

မင်းရောင်ထင်မိန်းကလေးပေါင်းများစွာနဲ့တွဲခဲ့ဖူးတယ်ကုတင်ပေါ်ထိရောက်ဖူးခဲ့သည်သို့သော်လည်းရင်ခုန်ခဲ့သလားဆိုတော့နည်းနည်းလေးမှရင်မခုန်ခဲ့သောချစ်လည်းပဲမချစ်ခဲ့

ကိုယ့်သူငယ်ချင်းရဲ့သားတစ်အိမ်လုံးရဲ့သားအငယ်ဆုံးကိုလေကြံမယ်ကြံတော့လဲအချစ်ခံလေးကိုကြံခဲ့မိတဲ့ ကိုယ်ရယ်ပါ။မင်းလေးကကတော့ဘာရယ်မဟုတ်ဘူးပြုံးတာပါပဲကိုယ့်ရင်ထဲတော့ဗလောင်ဆူနေပါပြီကလေးရေ

" ဦး ကျွန်တော်သွားပြီ အပြန်ကျမုန့်ဝယ်ခဲ့နော် ဟီး "

ဟင် ကလေးကိုယ့်ကိုဦးလို့ခေါ်လိုက်တာလားတကယ်ခေါ်လိုက်တာလား။ကလေးကတော့ကျောင်းဝန်းထဲကိုပြေးပြီးဝင်သွားတာပဲအနောက်ကကျန်ခဲ့တဲ့ကိုယ်ကတော့ငူငူငိုင်ငိုင်ကြီးရယ်။ကလေးဘက်ကဒီနေ့တစ်မနက်လုံးမီးစိမ်းပြနေခဲ့တာပဲ။ကိုယ်တော့မင်းလေးကိုအရောင်တွေဆိုးနေမိပါရောလားကွာ...

My Husband is U Min Yaung [ Completed ]Where stories live. Discover now