" မောနေပြီလား "
" ဟင့်အင်း "
လက်ထဲကလက်ကိုင်ပုဝါလေးကို ကလေးငယ်၏လက်ထဲထည့်ပေးလိုက်သည်။မော်နေမှာစိုးရိမ်သော်လည်းကလေးငယ်ကလန်းဆန်းတက်ကြွနေသောအပြုံးချိုချိုလေးဖြင့်ပြုံးပြလာသောအခါ၊မင်းရောင်ထင်ရင်ထဲအေးချမ်းသွားသည်။
မြူတွေစိုင်းနေသည့်ကြားကထွက်ပေါ်လာသောနေရောင်ခြည်သည်
မျက်နှာတည့်တည့်သို့ကျဆင်းလာသည်။တကျီကျီအော်မြည်နေသည့်
ငှက်ကလေးတွေရဲ့တေးသံကြား သူ့ကလေးသည် လွန်စွာမှပျော်ရွှင်နေသည်။
သူဒီကလေးကိုလက်လွှတ်ပေးနိုင်တော့မည်မဟုတ်ကြာလေကြာလေ
သံယောဇဉ်တို့ပိုပြီးခိုင်မာလာလေဖြစ်လာမိသည်။ဖြူစင်သောထိုကလေးပေါ်
အရောင်ပေါင်းမြောက်မြားစွာကိုဆိုးခဲ့မိလေပြီ။" ဦးမင်းရောင် မြွေကြီးနှစ်ကောင် လာကြည့်လာလာ "
လက်ကိုဆွဲကာခေါ်သွားသောကလေး၏အနောက်သို့
ကပ်လျှက်သားလိုက်ပါလာသည်။လူတွေအုံနေတာကြောင့်
လူပိတော့မည့်ကလေးသေးသေးလေးကိုရင်ခွင်ထဲ
သိမ်းကာဖက်ထားလိုက်သည်။ပါးပြင်းထောင်နေသည့်မြွေကြီးနှစ်ကောင်းအား
ကြည့်ရင်းသူ့မှာကြောက်လည်းကြောက်ပျော်လည်းပျော်ဖြစ်နေသည်။" အင့် "
" ဘာလဲကလေး "
မဖြေသေးပဲ မြွေကြီးကိုကြည့်နေသည်ကလေးကြောင့်
သဘောပေါက်ကာသွားသည်။ပိုက်ဆံ5000တန်တစ်ရွက်
ပေးလိုက်တော့မုန့်ဖိုးရသည့်ကလေးလိုမျက်နှာလေးက
ပြုံးကာသွားသည်။မြွေနှစ်ကောင်၏ပါးစပ်ထဲသို့
ထိုပိုက်ဆံလေးအားလိပ်ကာထည့်လိုက်သည်။" လူကြပ်တယ်ကလေး လာဟိုဘက်သွားရအောင် "
သူ့နောက်ကနေယက်ကန်ယက်ကန်နှင့်
လိုက်လာသည်။လှေကားအတိုင်းပြန်၍တောင်ပေါ်မှဆင်းလာလိုက်သည်။
ချွေးလေးတွေတွဲခိုနေသည့်ကလေး၏
နှဖူးပြင်လေးအားလက်ကိုင်ပုဝါလေးဖြင့်
သုတ်ပေးနေမိသည်။" ကဲကဲ နေမြင့်ရင်ပူလာလိမ့်မယ် စောစောဆင်းရအောင်ဟေ့ "
ခေါင်းဆောင်အကို၏စကားကြောင့်
ဦးမင်းရောင်အားငေးကြည့်နေသော
သက်ပိုင်သတိဝင်လာသည်။သက်ပိုင်
ပြုံးပြလိုက်ပြီးတောင်ပေါ်မှပြန်ဆင်းရန်
ပြင်လိုက်သည်။
VOCÊ ESTÁ LENDO
My Husband is U Min Yaung [ Completed ]
Romance" လူတစ်ယောက်ဟာလူတစ်ယောက်ကိုအကြိမ်ကြိမ်အခါခါချစ်နိုင်တယ် ဒါပေမယ့် သူ့ရဲ့နှလုံးသားထဲကနေအမြစ်ကုတ်တွယ်နိုင်လောက်အောင်ချစ်မိတဲ့သူဟာ တစ်ဘဝမှာ တစ်ယောက်သာဖြစ်လိမ့်မယ် " Start / 17.6.2022 End / 18.10.2023