Chapter 23

5.1K 163 3
                                    

" လဒမှိုင် မှိုင် မနေနဲ့ ဟိုကပါသွားပြီ "

" အီးဟီး "

ပြောကာမှ ထငိုတဲ့ အာကာကြောင့် လေးယောက်လုံး ခေါင်းခါမိသည်။မနေ့တစ်နေ့ကမှဝယ်လာသည်ဆိုသောဖုန်းနာရီကို အရိုက်ကြမ်းတဲ့ဆရာမအရှေ့မှာမှ သွားပြီးထုတ်ဆော့တာ ပုံမှန်ဆို ပစ္စည်းမသိမ်းပေမယ့် သူ့ဟာကတော်တော်ဆိုးဆိုး ဘာတဲ့ ဆရာမ ကို ဓာတ်ပုံသွားရိုက်တာတဲ့လေ။ဟိုကသိမ်းသွားကောပေါ့။အခုမှအော်အော်ငိုနေတာလူကြားလို့တောင်မကောင်း။

" ဟင့်အင့် ငါမနေ့ကမှ ဟင့် လိုချင်တယ်ဆိုလို့ မေမေဝယ်ပေးထားတာကွ အခုတော့ အီးဟီး "

" ဟာ.... တော်ပါတော့ကွာ ပြန်ပေးမှာပေါ့မင်းဟာကလည်း နှပ်တွဲလောင်းနဲ့ တိတ်တိတ် "

မိုးသာက်ကပြောပြောဆိုဆိုနှင့်လက်ထဲတစ်ရှုးကိုထည့်ပေးလိုက်တော့တွဲလောင်းကျနေတဲ့သူ့ရဲ့နှပ်တွေကိုထုတ်လိုက်သည်။ကပိုကရိုကျနေတဲ့ရှုပ်ပွတဲ့ဆံပင်တွေကိုအတင်းတွေလှန်တင်လိုက်ပြီး။ဆူပုတ်ပုတ်မျက်နှာဖြင့်ကြည့်သည်။သက်ပိုင်ဖတ်နေသောစာအုပ်ကိုကိုင်ပြီးခေါင်းအသာအယာရမ်းလိုက်မိသည်။ကုတ်ကမြင်းတွေ။

" ဒါနဲ့ မိုးသောက်နဲ့အစိုင်း နင်တို့မောင်မယ်သစ်လွင် ကြိုဆိုပွဲအတွက် ဘာတွေပြင်ဆင်ထားလဲ "

" ဟင် ဘာကြီး " " ဘာကိုလဲ "

နှစ်ယောက်သားပြိုင်တူထွက်လာတဲ့အသံကြောင့်မေးတဲ့နဒီကသူ့နှဖူးကိုသူပြန်ရိုက်ချလိုက်သည်။

" ဟဲ့ နင်တို့ကို King ရွေးဖို့အတွက် နာမည်စာရင်းပေးထားတယ်လေ အခုဆိုကြည့်ပါလား ငါတ်ု့အခန်းကိုကောင်မလေးတွေကောကောင်လေးတွေပါလာလာချောင်းနေကြတာ သေချာတယ် နင်တို့နှစ်ယောက်ထဲကတစ်ယောက်က သေချာပေါက် King ဖြစ်မှာ The Wole King နဲ့ စီးပွားရားမေဂျာ က King အဟိ "

နောက်ဆုံးကအဟိဆိုတဲ့စကားကြားတော့နှစ်ယောက်လုံးက နဒီ့ကိုနှာခေါင်းရှုံ့ကာကြည့်လိုက်သည်။

" အလကား... အာရုံစိုက်ခံရတာကြီးကိုမကြိုက်ပါဘူး ငါကတော့ "

အစိုင်းကအေးအေးဆေးဆေးနေတတ်သူပီပီစိတ်ထဲရှိတဲ့အရာကိုပြောလိုက်သည်နှင့်

My Husband is U Min Yaung [ Completed ]Where stories live. Discover now