" ဟင့် အင်း "
" နိုးပြီလား "
သက်ပိုင် ဦးမင်းရောင် ၏ အမေးကိုခေါင်းငြိမ့်ပြလိုက်သည်။မနေ့ကမူးမူးနဲ့ဦးမင်းရောင် အခန်းထဲမှာအိပ်လိုက်တာထင်ပါသည်။ခေါင်းထဲတော့နည်းနည်းနောက်နေသေးသည်။မျက်လုံးနှစ်ဖက်ကိုလက်ဖြင့်ပွတ်လိုက်ပြီးအပျင်းကြောအရှည်ကြီးဆန့်လိုက်သည်။
ဦးမင်းရောင်ကပြုံးပြပြီးသူ၏ခေါင်းလေးကိုဖွဖွလေးလာပွတ်သွားသည်။သက်ပိုင်ငြိမ်ခံနေမိသည်။ပြီးနောက် ကိုယ့်အခန်းကိုယ်ပြန်ကာ ရေပြန်ချိုးရသည်။ခေါင်းကနောက်နေတာကြောင့်ခေါင်းကိုလျှော်လိုက်သည့်အခါမှသာလူကလန်းလန်းဆန်းဆန်းဖြစ်သွားလေသည်။
မျက်လုံးကမို့အစ်ကာပါးလေးတွေမှာရဲနေသေးသည်။မနေ့ကမိန်းမတော့အခုအချိန်ဘာဖြစ်နေလောက်ပြီလဲမသိ။သို့သော်သူကျေနပ်သည်ဦမင်းရောင်ကသူ့စကားကိုပဲအလေးထားတာဖြစ်တယ်လေ။သက်ပိုင်လွတ်လွတ်လပ်လပ်ဖြစ်စေမည့်T Shirt အပွကိုဝတ်လိုက်ပြီး ဘောင်းဘီအရှည်အပွအကွက်ကြားနက်ပြာရောင်လေးကိုဝတ်လိုက်သည်။ကလေးကလူကြီးအင်္ကျီကိုကောက်ဝတ်ထားသလိုဖြစ်နေတာကြောင့်သက်ပိုင်ရဲ့ပုံစံကချစ်ဖို့ကောင်းသည်။
သက်ပိုင်အခန်းထဲကထွက်လာလိုက်ပြီးထမင်းစားခန်းထဲကြည့်လိုက်တော့ဦးမင်းရောင်ထိုင်နေတာတွေ့ရသည်။သက်ပိုင်အထဲသို့ဝင်သွားလိုက်ပြီးဦးမင်းရောင်၏ဘေးနားကခုန်ပေါ်တွင်ဝင်ထိုင်လိုက်သည်။ဦမင်းရောင်ကသူ့ကိုပြုံးပြပြီးသူ့ရှေ့ကခွက်ကိုကိုင်ကာနွားနို့ထည့်ပေးသည်။
" နွားနို့ကိုသကြားလျော့ခိုင်းထားတာ နို့စစ်မှကျန်းမာရေးအတွက်ကောင်းမှာကိုယ့်ကလေးပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်နေဖို့အရေးကြီးတယ်။ပြီးတော့ ရှမ်းခေါက်ဆွဲလုပ်ခိုင်းထားတယ် ကလေးကြိုက်တယ်မလား ကြီးမေ ရေ လာချပေးပါဦး။ အစပ်တွေတော့အများကြီးမစားနဲ့ကလေးဗိုက်အောင့်နေမယ်။ "
" ဟုတ် ... ဟို... ဦးမင်းရောင် "
"ဗျာ... "
" မနေ့ည က ကိစ္စမမေးတော့ဘူးလား "
YOU ARE READING
My Husband is U Min Yaung [ Completed ]
Romance" လူတစ်ယောက်ဟာလူတစ်ယောက်ကိုအကြိမ်ကြိမ်အခါခါချစ်နိုင်တယ် ဒါပေမယ့် သူ့ရဲ့နှလုံးသားထဲကနေအမြစ်ကုတ်တွယ်နိုင်လောက်အောင်ချစ်မိတဲ့သူဟာ တစ်ဘဝမှာ တစ်ယောက်သာဖြစ်လိမ့်မယ် " Start / 17.6.2022 End / 18.10.2023