Chapter 25

6K 128 5
                                    

" ဖြောင်း "

နောက်ကကျရောက်လာတဲ့အရာကြောင့်သက်ပိုင်မျက်နှာရှုံ့မဲ့စွာခေါင်းကိုပွတ်မိသည်။အနောက်ကိုလှည့်ကြည့်လိုက်တော့ သူ့ရဲ့ငယ်သူငယ်ချင်းကြီးမောင်မောင်စိုင်း။သက်ပိုင်ပါးစပ်ကနေတိုးတိုးလေးကျိန်ဆဲလိုက်ပြီးမပြီးပျက်သေးသောစာတွေကိုသာအမြန်လိုက်ကူးနေလိုက်သည်။ဘေးနားမှာဝင်ထိုင်သောအစိုင်းကိုပင်သူလှည့်ကြည့်မအားတော့။မနေ့ကကျောင်းပျက်ထားတာဖြစ်လို့အရေးကြီးသောစာများကိုအချိန်မှီပြန်ကူးနေရခြင်းပင်။

" တစ်နေ့လုံးဘဲနဲ့လျှောက်လည်ထားတော့ ကူးပေါ့ကွာ ဘဲရှိတဲ့ဒုက္ခမသေးဘူးကွ ဟုတ်တယ်မလား ဟဲဟဲ "

ဘေးနားကနေရွှတ်နောက်နောက်ပြောပြီးလာစနေတာကြောင့်သက်ပိုင်တစ်ချက်စိုက်ကြည့်လိုက်ပြီးမျက်စောင်းထိုးလိုက်သည်။ထိုအခါမှအစိုင်း၏ပြောင်စပ်စပ်နဲ့စပ်ဖြဲဖြဲဖြစ်နေသောမျက်နှာမှာတည်သွားသည်။ဘေးနားတွင်ရှိနေသောနဒီတို့ကတော့ပြုံးစိစိ။

စာအုပ်ထဲခေါင်းဝင်မတတ်သက်ပိုင်အလွန်အမင်းကြိုးစားနေသည်ကိုကြည့်ပြီးမနေ့ကဦးမင်းရောင်နှင့်အတူပါသွားမိတာကိုအပြစ်တင်မိသည်။ထို့အပြင်ဘာမဆိုင်ညာမဆိုင်ဖြစ်ဦးမင်းရောင်ကိုပါအပြစ်တင်လိုက်ပါသေးသည်။

လက်တွေပြုတ်ထွက်မတတ်စာပြန်ကူးပြီးတော့မှဘုန်းခနဲစားပွဲခုံပေါ်သို့ခေါင်းမှောက်ချလိုက်သည်။အပျင်းကျောအရှည်ကြီးဆွဲလိုက်မိသည်။တကယ်ပါသူ့အတွက်တော့အပင်ပန်းဆုံးနဲ့အကြောက်ဆုံးအရာကိုပြောပြပါဆိုရင်အဲ့ဒါကစာပဲ။စာလုပ်မလားသေမလားဆိုရင်ခေါက်ဆွဲဖက်ကိုတိုင်မှာချည်ပြီးဆွဲကြိုးချပြီးသေလိုက်မည်။သုံးဆယ့်တစ်ပုံစာဆိုသည့်အရာကသက်ပိုင်အတွက်တော့ရန်သူမျိုးငါးပါးထဲမှာထိပ်ဆုံးကပါဝင်သည်။

ခေါင်းကြီးငုံကာစိတ်ပျက်လက်ပျက်ဖြစ်နေသောသက်ပိုင်ကိုအစိုင်းကပုခုံးကိုဖက်ကာနှစ်သိမ့်သောအနေဖြင့်ပွတ်ပေးသည်။သက်ပိုင်သူ့ကိုဒေါသထွက်နေသည့်မျက်လုံးနှင့်စိုက်ကြည့်ပေးလိုက်မှအနားကခွာသွားတယ်။

My Husband is U Min Yaung [ Completed ]Où les histoires vivent. Découvrez maintenant