Chapter 14

6K 212 9
                                    

Uni Code

မြင့်မြင့်ခင် ( မန္တလေးထိုးမုန့် )

ကုသိုလ်တော်ဘုရားမှအပြန်ညနေပင်စောင်းလုနီးပါဖြစ်နေလေပြီ။မြင့်မြင့်ခင်မန္တလေးထိုးမုန့်ဆိုင်သို့ဝင်ကာအပြန်လက်ဆောင်များဝယ်ရန်ပြင်ကြသေးသည်။

ဘေးနားကရေတစ်ခွက်ကိုင်ကာကလေးထိန်းနေသောမင်းရောင်ထင်ကို၊ထိုးမုန့်ဆိုင်ကဝန်ထမ်းမလေးများက၊ကြည့်၍ကြိတ်ရယ်နေသည်။အရှေ့မှာချထားတဲ့အမြည်းစားရန်ထိုးမုန့်ကို၊လက်ကမချပဲကုန်အောင်တစ်ထိုင်တည်းစားနေလေသာကလေးကိုရေတိုက်လိုက်ခွံ့ကျွေးလိုက်လုပ်နေရသည်။

ဝယ်ကျွေးပါမည်ဆိုတာကိုအမြည်းကမှ၊ပိုစားလို့ကောင်းတာဆိုလို့။အမြည်းဗန်းတစ်ဗန်းလုံးကိုဝယ်ပေးထားလိုက်သည်။ဘေးကအဒေါ်ကြီးနှင့်အမြည်းကိုအပြိုင်အဆိုင်စားသလို၊စားနေသောကြောင့်၊နင်မှာလည်းစိုးရိမ်ရသေးသည်။

" ကလေး ဖြေးဖြေးစား "

" ရေ..ရေ "

" အင်းအင်း ရော့ ဖြေးဖြေးသောက် "

ပလုပ်ပလောင်း။ပါးဖောင်းဖောင်းဖြင့် ၊ ပုလုံးလုံးလေးဖြစ်နေလေသောသက်ပိုင်ကို ဝန်ထမ်းမလေးများက ချစ်စရာလေး ဟူ၍ ပါးစပ်ကမချ။

" တော်ပြီလားကလေး ကျန်တာကို ဘူးနဲ့ပဲဝယ်သွားမယ်နော် များများစားရင်ရင်ပြည့်နေမယ် "

" ဟုတ် များများဝယ်ခဲ့ "

" ကောင်းပါပြီဗျာ....။ညီမ ဒါလေးထည့်ပါအုံး "

" ဟုတ်ကဲ့ပါရှင့် "

ဘေးနားကအစားပုတ်လေး၏ခေါင်းကိုဖွဖွလေးပွတ်လိုက်သည်။ဖောင်းအစ်နေသောပါးလေးကနီကာရဲနေသည်။ဖြူဖွေးနေတဲ့အသားပေါ်မှာမှသွေးကြောလေူများပင်ပေါ်သည်အထိကိုဖြူသည်။အနံ့မွှေးမွှေးကလေးဖြစ်တဲ့ကိုယ်သင်းရနံ့လေးကိုလည်းရလိုက်ပါသေးသည်။

" စားလို့ဝရဲ့လား "

" ဟုတ် ဗိုက်တောင်ပူနေပြီဒီမှာကြည့်ပါလား "

ဗိုက်လေးကိုကိုင်ကာအတင်းကော့ပြနေသောကလေးလေး။ဗိုက်လေးကတကယ်ကိုပူနေတာပင်။

My Husband is U Min Yaung [ Completed ]Onde histórias criam vida. Descubra agora