Chapter 26

5K 140 6
                                    

ကားပေါ်တွင် ငိုက်နေသောကလေးငယ်ကိုကြည့်ကာမင်းရောင်ထင် ပြုံစစလေးဖြစ်သွားသည်။ကားပေါ်ရောက်တိုင်း အိပ်ငိုက်တတ်တဲ့အကျင့် က မွေးရာဖြစ်မည်ထင်သည်။တစ်လမ်းလုံးငိုက်လာတာ ကျောင်းရှေ့ရောက်တာတောင်သူမသိ။

" ကလေး ထတော့ "

" ဟင် ... အင်းအင်း ရောက်ပြီလား "

ထိုအခါမှသာ မျက်လုံးကိုပွတ်ပြီး ထလာသည်။မျက်နှာကဆူပုတ်ပုတ် နှင့် အိပ်ချင်မူးတူး ။ မင်းရောင်ထင် ပါးဖောင်းဖောင်းလေးကို အသည်းယားစွာ ဖျစ်ညှစ်ပစ်လိုက်သည်။

" အမြဲ ပါးကိုပဲ ပြဿနာရှာနေတာပဲ သွားတော့မယ် "

" အိုကေပါဗျာ ဂရုစိုက်သွား "

ဆူဆူပုတ်ပုတ်နှင့်ကားပေါ်မှဆင်းသွားသောကလေးငယ်။ သူ့မျက်စိရှေ့၌မမြင်ရတော့သည်အထိ မင်းရောင်ထင်ကြည့်နေပြီ စိတ်ချပြီဆိုကာ မှ ထိုနေရာမှ ထွက်လာသည်။

×××××

ငွေသော်တာရောင်ခြည်ထိန်လင်းတော့သည်
ဘုံကြိုးပြတ်တဲ့မိုးနတ်မဒီ
သဒ္ဒါကပိုသည် ဆရာမကိုပဲအသည်းစွဲအောင် ချစ်တော့မည်။

ထက်ပိုင်သျှမ်းသည်ဘေးနားကနေကားနှင့်လိုက်လာကာသီချင်းသံကိုတဆုံးဖွင့်ရင်းသူကိုယ်တိုင်လည်းပါးစပ်ကနေအော်ဆိုနေလေသောဝိုင်သွေးစက်နီဆိုသည်အမျိုးသမီးကိုမမြင်ချင်ယောင်ဆောင်ကာကိုယ့်လမ်းကိုယ်ဆက်သွားနေပေမယ့်ဘေးနားကနေနည်းနည်းမျှပင်အလွတ်မပေးကာလိုက်လာနေသည့်သူကြောင့်ဆောင့်အောင့်ကာမြန်မြန်လျှောက်နေမိသည်။

စာသင်ဖို့အတွက်သွားနေသည့်လမ်းမို့ ဆရာမတစ်ယောက်ဖြစ်တဲ့သူ့နောက်ကိုယခုကဲ့သို့လိုက်နေလျှင်အများပြောစရာဖြစ်မည်ကိုတွေးမိသွားသဖြင့်ထိုနေရာ၌ပင်ခြေလှမ်းများကိုရပ်တန့်လိုက်သည်။

" ဒီမှာဒီမှာ "

" ပြော Lady "

" ရှင့်မှာသွားစရာလမ်းမရှိဘူးလား "

" ဟွန်... "

" ကြောင်တောင်တောင်နဲ့ "

ထက်ပိုင်သျှမ်းသည် ဝိုင်သွေးစက်နီ ကို စူးရှုလှသည့်မျက်စောင်းထိုးကာ ချက်ချင်း သူသွားရာလမ်းကိုဆက်လျှောက်လာလေသည်။အနောက်ကထိုအမျိုးသမီးလိုက်လာမလားတော့သူမသိ။လိုက်လာဖို့လည်းသူမတွေးတော့။အမြဲလိုလိုလိုက်နေသည်ကိုသူသိပ်သဘောမကျပေ။

My Husband is U Min Yaung [ Completed ]Donde viven las historias. Descúbrelo ahora