📲📲📲
ကုတင်ပေါ်မှပစ်တင်ထားသောဖုန်းကတုန်ခါလာသဖြင့်သက်ပိုင်ရေချိုးခန်းထဲမှထွက်ကာကိုင်လိုက်သည်။အစိုင်းဆီကပင်ဖြစ်လေသည်။
" Hello "
📲 " သက်ပိုင် မင်းအားရဲ့လား "
" အေး အားပါတယ်ဘာလို့လဲ "
📲 " ညကျရင်Clubသွားရအောင်ကွ "
" ဟာ.. ငါ့အိမ်ကလွှတ်မှာမဟုတ်ပဲ "
📲 " တစ်ခါတစ်လေလေးထွက်ရတာ ရအောင်ပြောကြည့်ရောပေါ့ကွာ "
" မဖြစ်ဘူး ထင်တယ်နော် အစိုင်း "
သက်ပိုင်သေချာသိသည်။ညဘက်အပြင်ထွက်မည်ဟုဆိုလျှင်အိမ်ကလုံးဝလွှတ်မှာမဟုတ်အခုအချိန်ထိပင်သူ့ကိုကလေးဟူ၍သဘောထားနေကြသေးပုံပေါ်၏
📲 " ငါသိသလောက်တော့ အဲ့club ကဦးမင်းရောင်ပိုင်တာတဲ့ ပြီးတော့ခနခနသွားလေ့ရှိတယ်ဆိုပဲ မင်းမလိုက်ချင်လဲ.. "
" လိုက်မယ် ငါမရရအောင်ထွက်ခဲ့မှာ ဘယ်ကိုလာရမလဲပဲပြော "
ဦးမင်းရောင်ဆိုတဲ့နာမည်ကြားတာကြောင့်သက်ပိုက်စိတ်မြန်လက်မြန်ပဲဖြေပစ်လိုက်တယ်။ဦးမင်းရောင်ရဲ့ခြေရှုပ်မှု့အပေါင်းသူတော်ကောင်းကိုမြင်တွေ့နိုင်ဖို့ပင်ဖြစ်သည်။
အစိုင်းကသူ့ကိုအိမ်အပြင်မှာပဲစောင့်နေဖို့နဲ့သူလာခေါ်မယ့်အကြောင်းပြောတာကြောင့်သက်ပိုင်သဘောတူလိုက်သည်။ည11:0အိမ်အပြင်ကိုပထမဆုံးခိုးထွက်ခြင်းပင်ဖြစ်တာကြောင့်နည်းနည်းတော့ရင်တုန်နေမိသည်။
~°~°~°~°~°~°~°~°
10:15 PM-
-" လူကြီး "
ညစာစားပြီးအိပ်မယ်ဆိုပြီးခုနလေးတင်မှဝင်သွားတာကြောင့်စိတ်ချလက်ချဖြင့်အပြင်သွားဖို့ပြင်ဆင်နေချိန်ဝက်ပေါက်ကသူ့အခန့်ရှေ့ကိုရောက်လာသည်။အခန်းတံခါးကိုပိတ်မထားတာကြောင့်
သူအဝတ်စားလဲနေခြင်းကိုမြင်တွေ့နေသည်။အစကတည်းကသူ့အခန်းထဲကိုမဝင်ရဘူးဟုပြောတာကိုသေချာပေါက်လိုက်နာသည့်ဝက်ပေါက်ဟာအခန်းထဲကိုတော့ဝင်မလာ။စိုင်းလင်းသော်အင်္ကျီလဲပြီးသည်နှင့်အခန်းတံခါကိုပိတ်ကာအပြင်ထွက်လိုက်သည်။
YOU ARE READING
My Husband is U Min Yaung [ Completed ]
Romance" လူတစ်ယောက်ဟာလူတစ်ယောက်ကိုအကြိမ်ကြိမ်အခါခါချစ်နိုင်တယ် ဒါပေမယ့် သူ့ရဲ့နှလုံးသားထဲကနေအမြစ်ကုတ်တွယ်နိုင်လောက်အောင်ချစ်မိတဲ့သူဟာ တစ်ဘဝမှာ တစ်ယောက်သာဖြစ်လိမ့်မယ် " Start / 17.6.2022 End / 18.10.2023