Final

7.7K 179 1
                                    

Chapter - 32 ( Final )

-
-
-

" ထင်လင်းသက်ပိုင် မပြေးနဲ့လို့ပါပါးပြောနေတယ်လေ "

ဘောင်းဘီလေးကိုကိုင်ကာအနောက်မှပြေးလိုက်နေသော
သူ၏ခင်ပွန်းလောင်းနှင့်ကော့တော့ကော့တော့ဖြင့်ပြေးနေ
သောသူ၏သားငယ်လေးကိုကြည့်ပြီးမင်းရောင်ထင်
အမောပြေသွားသည်။လက်တွင်ကိုင်လာသောမုန့်များကို
မြောက်ပြလိုက်ကာ ကလေးငယ်နှင့်သားသားဆီသို့
လျှောက်သွားလိုက်သည်။

" ဒီသားအဖတွေဘာတွေဖြစ်နေကြတာလဲ "

" ဟာ ဦး... ပြန်လာပြီလား... ဦးသားတွေ့လား ဘောင်း
ဘီမဝတ်ပဲ ဖင်ပြောင်နဲ့လျှောက်ပြေးနေတယ် ကြည့်ဦး
ကျွန်တော့်စကားနားမထောင်ဘူး "

မင်းရောင်ထင်သည်သက်ပိုင်ကိုဖက်ထားလိုက်ပြီး
သားသားကိုလည်းပွေ့ချီလိုက်သည်။ပြီးနောက်သူ၏
ခင်ပွန်းလေး၏ပါးလေးအားနှာခေါင်းနစ်ဝင်သည်အထိ
နမ်းလိုက်သည်။ပြီးနောက်သားသားကိုလည်းထိုနည်းတူ
ပြုမူလိုက်သည်။

" ဟုတ်လား ... James ပါပါးစကားဘာလို့နားမထောင်တာလဲ "

" ဟုတ်ဝူး ဒဲဒီ တားတားဂ ပါပါးနဲ့ချော့ချင်ယို့ ဟာတို "

" သားသားပါပါးကနေမကောင်းဖြစ်ထားတာလေအာ့မို့
ပါပါးကအရမ်းလှုပ်လို့မရသေးဘူး သားသား က ပါပါးကို
ဂရုစိုက်ပေးရမှာလေ မဟုတ်ဘူးလား "

" ဟုတ် တားတား နောက်ချို ပါပါးကို ဂုချိုက် ပါ့မယ် "

" လိမ္မာလိုက်တာသားသားက "

" ဦးသားကိုဦးပဲပြောနိုင်တော့တယ် ကျွန်တော့်စကားကို
ဆိုနားမထောင်ဘူး တကယ့်လူလည်ကောင် "

" ဦးသားဦးသားနဲ့ အဲ့ဒါကလည်းကလေးရဲ့သားပါပဲနော် "

" ဝုတ်ပ့ ဝုတ်ပ့ ဒဲဒီ ပြန်လာဘီ ချိုတော့ တားတားနဲ့ချော့ပေး.. "

" အမ်မာ ဟေ့ကောင် ငါ့ယောက်ျားကပင်ပန်းလာတာတစ်နေ့
လုံးအလုပ်လုပ်ထားရတာလေ "

" ဒါမယ့် အာ့ဒါက တားတားဒဲဒီယေ "

" မင်းဒယ်ဒီဆိုပေမယ့် ငါ့ယောက်ျားလေကွ "

My Husband is U Min Yaung [ Completed ]Where stories live. Discover now