မှန်တင်ခုံပေါ်တင်ထားသည့်လွယ်အိတ်ကိုဆွဲကာအခန်းထဲမှကျားလိုက်သလိုပြေးလာလိုက်သည်။ယနေ့အိပ်ယာထနောက်ကျသဖြင့်ကျောင်းနောက်ကျတော့မည်။လှေကားပေါ်ကနေလွှားကနဲလွှားကနဲကျော်သွားလိုက်ပြီးနောက်ချွေးတွေစို့လာသည်။အိမ်ရှေ့မှာစောင့်နေတဲ့ကားဆီပြေးသွားလိုက်သည်။
" ဖြေးဖြေးလာလေ Baby ရယ် မောနေပြီမလား "
ကားတံခါးကိုအမြန်ဖွင့်ပြီးအရှေ့တွင်ထိုင်လိုက်သည်။လွယ်အိတ်ထဲမှရေဘူးကိုထုတ်ကာအမောပြေစေရန်သောက်လိုက်သည်။
" မမ မြန်မြန် မောင်းပေးပါနော်။ကျောင်းတံခါးပိတ်သွားမှာစိုးလို့ "
" လိုပါသေးတယ်Babyရဲ့စိတ်ချ မပိတ်ခင်ရောက်စေရမယ်။ "
ပြန်ရောက်တာနှင့်အလုပ်ရှုပ်နေသည့်ဦးမင်းရောင်ကသူ့ထပ်ပင်စောကာအလုပ်သွားသည်။မနေ့ညကလည်းအလုပ်တွေလုပ်နေတယ်ဆိုကာသူတစ်ရေးနို3းနာရီထကြည့်တော့ပင်မအိပ်သေး
သက်ပိုင် ဖရိုဖရဲ ဖြစ်နေသောကျောင်းအင်္ကျီကိုသေသေချာချာပြင်ဝတ်လိုက်သည်။ထောင်လျှက်သားဖြစ်နေသောဆံပင်တို့ကိုလည်းပါလာသော ဘီးဖြင့် သေသေချာချာ သပ်သပ်ရပ်ရပ်လေးဖြစ်အောင်ပြင်ဆင်လိုက်သည်။
ကျောင်းတံခါးမပိတ်ဖိုးအရေးတစ်လျှောက်ရသမျှဘုရားစာတွေကိုသာဆိုလာလိုက်သည်။ကံကောင်းထောက်မစွာဖြင့်ပိတ်ခါနီးနေပြီဖြစ်သောကျောင်းတံခါးကိုသူမှီသွားသည်။
အတန်းထဲရောက်တော့Bioဆရာမကစာသင်ဖို့ပင်ပြင်နေလေပြီ။ဆရာမကိုဝင်ခွင့်တောင်းပြီးသူဝင်လာလိုက်သည်။တတိယတန်းကအစိုင်းရဲ့ဘေးနားကိုသွားထိုင်တော့အစိုင်းကသူ့ကိုညိုနေသောမျက်ကွင်းတို့ဖြင့်ကြည့်လာသည်။
" မင်းမျက်နှာကဘာဖြစ်နေတာလဲအစိုင်း "
" ဟမ်... ဩော်... ငါညကအိပ်တာနောက်ကျသွားလို့ "
" မင်းပုံက လုံးဝမအိပ်ထားရတဲ့ရုပ်နဲ့ "
စိုင်းလင်းသော်မနေ့ညကဝက်ပေါက်ကိုစိတ်ပူနေတာကြောင့်အိပ်လို့မပျော်။
ဒါကြောင့်သူမနက်ထိတစ်ရေးမှမအိပ်ခဲ့တာကြောင့်အခုမျက်ကွင်းညိုကာအိပ်ချင်းမူးတူးပုံပေါ်ကာနေလေသည်။
![](https://img.wattpad.com/cover/311900182-288-k911999.jpg)
YOU ARE READING
My Husband is U Min Yaung [ Completed ]
Romance" လူတစ်ယောက်ဟာလူတစ်ယောက်ကိုအကြိမ်ကြိမ်အခါခါချစ်နိုင်တယ် ဒါပေမယ့် သူ့ရဲ့နှလုံးသားထဲကနေအမြစ်ကုတ်တွယ်နိုင်လောက်အောင်ချစ်မိတဲ့သူဟာ တစ်ဘဝမှာ တစ်ယောက်သာဖြစ်လိမ့်မယ် " Start / 17.6.2022 End / 18.10.2023