Chapter 28

5.6K 161 3
                                    

" သက်ပိုင် "

ခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့သူ့အနားက်ုပြေးလာတဲ့နဒီ။

" နင့်လူကြီးလာကြိုပြီလား "

" လာလောက်ပြီအခုလောက်ဆို ဘာပြောမို့လဲ "

" အိမ်ပြန်ရောက်လို့ဟိုမိန်းမနင့်ကိုတစ်ခုခုလာပြောရင် ပါးရိုက်ပစ်နော် "

" ​ေဩာ်... အဲ့ဒါပြောဖို့ကို အရေးတကြီးပြေးလာတာလား "

" အေး..မောလိုက်တာဟာ ရေကျန်သေးရင်တိုက်စမ်းပါ "

နဒီ့ကြောင့်သက်ပိုင်ရယ်မိရင်းလွယ်အိတ်ထဲကပန်းရောင်ရေဘူးလေးကိုထုတ်ကာပေးလိုက်သည်။သူပြောပြထားကတည်းကမပုံရိပ်ညိုကိုနဒီတစ်ယောက်ဆွဲကာအမှုန့်ကြိတ်ပစ်ချင်နေသည်။သူ့ရှေ့မပုံရိပ်ညိုရောက်တဲ့နေ့တော့အရိုးတစ်ခြားအသားတစ်ခြားဖြစ်လောက်ပါပြီ။

" အခုမှပဲအမောပြေသွားတော့တယ် ကျေးဇူးပဲဟယ် ငါပြောတာမမေ့နဲ့နော်ကြာလား တစ်ခုခုဆိုငြိမ်ခံမနေနဲ့ ဟိုမှာကားလာနေလို့ငါသွားပြီ တာ့တာ "

သက်ပိုင်ရယ်လျှက်လိုင်းကားပေါ်တက်သွားတဲ့နဒီ့ကိုတာ့တာပြလိုက်ပြီးလမ်းဆက်လျှောက်လာလိုက်သည်။ပုံမှန်စောင့်နေကျနေရာမှာရပ်စောင့်နေသည့်ဦးမင်းရောင်ထင်နှင်အရင်ကားမဟုတ်ပဲကားအသစ်နောက်တစ်စီး။

သက်ပိုင်၊ ဦးမင်းရောင်အနားသွားလိုက်ပြီး

" ဘယ်ကခိုးလာတဲ့ကားလဲ "

ကားကိုမျက်စောင်းထိုးပြီးပြောလိုက်တော့

" ဟာ... ဘယ်ကခိုးလာရမှာလဲကလေးကလည်း အသစ်ဝယ်လာတာပေါ့ "

" ဟိုကားကဘာဖြစ်လို့လဲ "

" ကြာသွားလို့ "

" အာ့ဆို ဟိုနေ့ကကားကကော "

" ထိုင်ခုံပေါ်ရေမှောက်ကျလို့လေ "

" တစ်နေ့ကဟာကျတော့ကော "

" ဖုန်ပေသွားလို့ "

" ဦးမင်းရောင်ထင် "

" ဗျာ..... "

သက်ပိုင် ခပ်ဆတ်ဆတ်ကြည့်လိုက်ပြီးမှ ဘာမီပြောမနေတော့ဘဲ ကားထဲပဲဝင်လိုက်တော့သည်။ပိုက်ဆံကိုအလကားရတယ်ထင်ပြီး ရေလိုသုံးနေတာ။

My Husband is U Min Yaung [ Completed ]Donde viven las historias. Descúbrelo ahora