Chapter 19

5.4K 192 9
                                    

မင်းရောင်ထင် မျက်လုံးတွေကို ပွတ်သပ်ကာ နိုးနိုးလာခြင်း မြင်လိုက်ရသောမြင်ကွင်းကြောင့် လူကထိတ်လန့်ကာသွားသည်။တစ်ကိုယ်လုံး အဝတ်ကင်းမဲ့ကာနေပြီး ဖက်ထားခြင်းကိုခံရသည်။ဘေးကမိန်းမကိုကြည့်လိုက်မိတော့ ဧကရီခိုင် ဆိုသည့်မိန်းမ။

မင်းရောင်ထင် ခေါင်းနပန်းကြီးကာသွားသည်။ခေါင်းထဲက တဆစ်ဆစ်ကိုက်လာတာ​ကြောင့် ဆံပင်တွေကိုဖွလိုက်မိသည်။ဖြစ်ပျက်ခဲ့သမျှကိုပြန်မှတ်မိအောင် ကြိုးစားစဥ်းစားလိုက်သည်။

*
မင်းရောင်ထင် အချိန်ကိုကြည့်လိုက်တော့ သက်ပိုင်ကျောင်းဆင်းချိန်နားပင်နီးလေ လေ တာကြောင့် ဖိုင်တွေကိုသိမ်းလိုက်သည်။အခန်းပြင်မှတံခါးခေါက်သံကြောင့် အတွင်းရေးမှူးထင်ကာ ဝင်လာရန်ပြောလိုက်ပေမယ့် ရောက်ရှိလာသူက ဧကရီခိုင်ဆိုသည့်မိန်းမပင်။ လက်ထဲတွင်လည်း ဝိုင်တစ်ခွက်ကိုကိုင်လာသေးသည်။မင်းရောင်ထင်ထိုမိန်းမအားစိတ်ပျက်သည့်မျက်နှာအနေအထာနှင့်ကြည့်လိုက်သည်။

ထိုမိန်းမသည် အရှေ့ကစားပွဲကိုကျော်ကာ မင်းရောင်ထင်၏ အနားသို့ရောက်လာသည်။မင်းရောင်ထင်စကားပြောဖို့ပြင်လိုက်သည်နှင့် သူမကလက်ညှိုး ကိုနှုတ်ခမ်းနားကပ်ကာ တိုးတိုးဆိုသော ပုံသဏ္ဍန်ပြသည်။

" ကျွန်မ တို့ရဲ့ ပထမဆုံး လက်တွဲလုပ်ရမယ့် အလုပ်အတွက် ဂုဏ်ပြုပေးပါအုံး "

" ဘာတွေများ ထွေထွေထူးထူးရှိနေလို့လဲ "

" ရှင့်အတွက်တော့မဟုတ်ပေမယ့် ကျွန်မအတွက်ပေါ့ "

ပုခုံးကိုလာပွတ်သပ်သောလက်တစ်စုံကိုမင်းရောင်ထင်ဖယ်ချလိုက်သည်။

" သောက်လိုက်ပါ အပန်းမကြီးပါဘူး "

မင်းရောင်ထင် စိတ်ရှုပ်ရှုပ် နှင့် သူမပေးသောဝိုင်အားတစ်ကျိုက်တည်းကုန်အောင် မော့ချလိုက်သည်။သူမက သူ့ကိုပြုံးပြသည်။သို့သော် ထိုအပြုံးသည်ကောက်ကျစ်ယုတ်မာသောအပြုံးနှင့်သိပ်ကိုတူသည်။မင်းရောင်ထင်ကားသော့ကိုယူကာ ထထွက်ဖို့ပြင်လိုက်ပေမယ့်ခေါင်းထဲမိုက်ကနဲဖြစ်လာတာကြောင့် ပြန်ထိုင်ချလိုက်သည်။

My Husband is U Min Yaung [ Completed ]حيث تعيش القصص. اكتشف الآن