Chapter 21

5.6K 188 10
                                    

မင်းရောင်ထင် ဧကရီခိုင် ဆိုသည့်မိန်းမရှိရာ ကွန်ဒိုသို့မောင်းနှင်လာလိုက်
သည်။ကလေးငယ်ကိုတော့အိမ်ထာတွင်ထားခဲ့လိုက်ပြီးသူကတော့
အရေးကြီးကိစ္စလေးရှိလို့ဟုဆိုကာထွက်လာလိုက်သည်။

ကွန်ဒိုရောက်သည်နှင့်အပြင်ဘက်မှ Bell ကိုတီးလိုက်တော့
တံခါးလာဖွင့်သည့်သူမ။သူ့အတွက်တော့ထိုမိန်းမကသိပ်ကိုကျက်သရေ
ယုတ်ဖွယ်။

' ဘုတ် '

ပစ်ပေးလိုက်သောစာရွက်စာတမ်းအထပ်လိုက်။မင်းရောင်ထင်နှင့်အလုပ်တွဲ
လုပ်ရန်ချုပ်ဆိုထားသောဖိုင်တွဲများဖြစ်သည်။ထိုအရာများကိုမင်းရောင်ထင်
ဘက်မှဖျက်သိမ်းလိုက်သည်။မင်းရောင်ထင်ထိုမိန်းမကိုကြည့်ရင်း
ပို၍ပင်ဒေါသထွက်လာရသည်။ထိုမိန်းမသည်အရှက်နည်းစွာပင်
သူ့အားလာ၍ဖက်တွယ်သည်။မင်းရောင်ထင်ထိုမိန်းမကို
ကြမ်းတမ်းစွာတွန်းထုတ်လိုက်တော့ လဲကျသွားသောသူမ၏ခန္တာကိုယ်
မင်းရောင်ထင် သူမအား လူသတ်ချင်သောမျက်လုံးတို့ဖြင့်
စူးစိုက်ကာကြည့်နေလိုက်သည်။

ထိုမိန်းမကိုကြည့်လေ ကလေးငယ်၏မျက်ဝန်းများမှ မျက်ရည်များကို
မြင်ယောင်လာ၍ ပို၍ပင် ဒေါသကထွက်လာသည်။

" ဟင့် ကိုကို နာသွားပြီ "

" မင်းစောက်ပါးစပ်ကိုပိတ်ထား "

မင်းရောင်ထင်သူမ၏မျက်နှာကိုကြမ်းတမ်းစွာဆုတ်ကိုင်လိုက်သည်။
မင်းရောင်ထင်သည်သူမ၏မျက်လုံးများကိုစူးစိုက်ကြည့်ကာ

" မင်းရဲ့စောက်တန်ဖိုးမဲ့တဲ့ပါးစပ်ကထွက်တဲ့ မဟုတ်မမှန်တဲ့
စကားတွေကြောင့် ငါ့ကလေးခံစားရတာသိလား။ဟမ်..သိလား
မင်းကြောင့် ငါတောင် မထိရက်မကိုင်ရက်ကလေးက မင်းကြောင့်
ငါ့ရှေ့မှာ မျက်ရည်ကျ ဟာကွာ... "

' ဘုန်း '

မင်းရောင်ထင်ထိုမိန်းမကိုစောင့်တွန်းလိုက်ပြီးဘေးတွင်တင်ထားသော
ပန်းအိုးကိုယူကာရိုက်ခွဲလိုက်သည်။အနီးပတ်ဝန်းကျင်တွင်ရှိသမျှ
အရာအားလုံးသည်မင်းရောင်ထင်ကြောင့်ပျက်ဆီးခြင်းသို့
ရောက်ကုန်သည်။ဧကရီခိုင်သည်လည်းနည်းနည်းမှပင်မလှုပ်ရဲ
ချောင်တွင်ကပ်ကာငြိမ်နေရသည်။

My Husband is U Min Yaung [ Completed ]Hikayelerin yaşadığı yer. Şimdi keşfedin