Chapter 30

5.1K 155 2
                                    

မြူခိုးလျံ ရောက်တတ်ရောက်ရာလမ်းမပေါ်၌လျှောက်သွားနေမိသည်။ဖိနပ်ပင်မပါတာကြောင့် နုနယ်လှသောခြေဖဝါးလေးများမှာ ခဲများကြောင့် သွေးများပင်ထွက်နေလေပြီ။လွယ်အိတ်ကိုလေးကိုပိုက်ကာ ငူငူငိုင်ငိုင်ဖြင့် လျှောက်သွားနေပုံရသည်။

တစ်နေ့မှာအမှန်တရားကသေချာပေါက်ပေါ်ပေါက်လာမယ်ဆိုတာကိုသိခဲ့ပေမယ့်အခုလိုမျိုးမြန်မြန်ဆန်ဆန်ဖြစ်သွားလိမ့်မယ်လို့မထင်မိဘူး။တကယ့်တကယ်တမ်းဖြစ်လာတော့သူရင်ဆိုင်နိုင်စွမ်းမရှိပါ။

ကိုယ််ချစ်တဲ့သူအနားမှာရှိချင်သည့်ဆန္ဒလေးတစ်ခုတည်းနှင့်သူအခုလိုလိမ်ညာခဲ့ပေမယ့်ဒီလိုဖြစ်လာရင်နားလည်ပေးဖို့ကိုတော့အမြဲမျှော်လင့်ခဲ့သည်။

အချစ်ဟာတကယ်ကိုပင်နာကျင်စေသည်
နာကျင်မှု့မပါသည့်အချစ်မည်သည့်နေရာတွင်ရှိမည်နည်း။

" မြူလေး "

လက်ကိုဆွဲလိုက်သောကြောင့်ကိုယ်ကအနောက်ကိုလှည့်လိုက်သလိုဖြစ်သွားသည်။

" ကိုကို ဟင့် "

မြူခိုးလျံ ရှိုက်သံတစ်ချက်ထွက်ကာမျက်ရည်တို့မှာပါးပြင်ပေါ်သို့အတားအစီးမဲ့စွာဖြင့်ပင်စီးကျလာသည်။ကိုကိုကသူ့ကိုဖက်ကာထားသည်။အားကိုးစရာရှိလို့လားပင်မသိပို၍ပင်ဝမ်းနည်းလာကာကိုကို့၏ရင်ခွင်ကိုမျက်နှာအက်ကာငိုမိသည်။

ကိုကိုကသူ့ကိုတင်းကြပ်စွာပင်ဖက်ထားပါသည်။ဘဝတွင်ဘယ်လိုနာကျင်မှု့ပဲရှိရှိစိတ်ကိုတင်းထားပါသော်လည်းဒီတစ်ကြိမ်မှမျက်ရည်ဟာအတားအစီးမဲ့စွာကျဖူးခြင်းပင်။လူတစ်ယောက်တည်းအတွက်ပါပဲ။သူနှစ်ပေါင်းများစွာလိုက်ရှာနေခဲ့တဲ့လူတစ်ယောက်အတွက်ပါပင်။

တကယ်ကိုအားရပါးရအချိန်အကြာကြီးငိုနေမိသည်။မျက်ရည်တွေခမ်းသွားလောက်သည်အထိပင်မြူခိုးလျံစိတ်ကိုလွှတ်ပေးလိုက်မိသည်။တကယ်ကိုပင်နှလုံးသားတစ်ခုလုံးကိုကျစ်ကျစ်ပါအောင်ဆုတ်ကိုင်လိုက်သကဲသို့ပင်နာကျင်မှု့တို့ကပြောပြမတတ်။လူတစ်ယောက်ကိုချစ်ရတာဟာသိပ်ကိုနာကျင်လွန်းလှပါလေသည်။

My Husband is U Min Yaung [ Completed ]Where stories live. Discover now