Chapter 31

5.8K 144 5
                                    

သက်ပိုင် ကျောင်းထဲကထွက်လာတော့ ဦးမင်းရောင်ထင်ကိုမတွေ့ ။ ပုံမှန်ဆိုလျှင်သူ့ထက်စောရောက်နေကျကို ယခုတော့မရောက်လာသေးသဖြင့်မျက်မှောင်ကျန့်လိုက်မိသည်။

" အကိုလေး ဗျ... "

အရပ်ရှည်ရှည်ခပ်ထွားထွား လူနှစ်ယောက်ကသူ့အနားရောက်လာသည်။

" ဒီနေ့ Boss က အလုပ်ရှုပ်နေလို့ ကျွန်တော်တို့ကိုကြိုခိုင်းလိုက်လို့ဗျ "

" ဟင်... ဦးမင်းရောင်ကကျွန်တော့်ကိုလည်းကြိုမပြောဘူး ဖုန်းလည်းမဆက်ဘူး "

" ဟုတ်တယ်ဗျ... Boss က အရေးကြီးကိစ္စပေါ်လာလို့ပါ "

" အွန်း ဟုတ်ပါပြီ.. အာ့ဒါကိုနဒီငါသွားတော့မယ်နော် "

သက်ပိုင်,နဒီ့ကိုနှုတ်ဆက်လိုက်ပြီး... ကားပေါ်သို့တက်လိုက်သည်။ကားခေါင်းခန်းတွင်ခပ်ထွားထွားထိုလူနှစ်ယောက်ကဝင်ထိုင်သည်။

သက်ပိုင် Aripot ကို တပ်လိုက်ပြီးမျက်လုံးမှိတ်ထားလိုက်သည်။

°°°°°

အပြင်ဘက်ကိုကြည့်လိုက်တော့ သူပတ်ဝန်းကျင်ကိုစိမ်းနေတာကြောင့် စိတ်ထဲမသက်မသာဖြစ်သွားသည်။

" ဒီမှာဗျ ဘယ်ကိုသွားနေတာလဲဗျ အခုကအိမ်ပြန်တဲ့လမ်းမှမဟုတ်တာ "

" ကားလမ်းတွေပိတ်နေလို့ တခြားလမ်းကလာလိုက်တာပါအကိုလေး "

" ဒါပေမယ့် ဘာလို့လူအဲ့လောက်ရှင်းနေရတာလဲ ကျွန်တော့်ကိုတံခါးဖွင့်ပေးဗျ... ကျွန်တော် Taxi ငှားပြန်လိုက်မယ် အခုကားရပ်ပေးပါ "

" မရဘူးဗျ Boss အမိန့်ပါဒါက "

" ရတယ် ကျွန်တော်အခု ဦးမင်းရောင်ကိုဖုန်းဆက်လိုက်မယ် "

သက်ပိုင်ဖုန်းကိုထုတ်ကာဖုန်းဆက်ဖို့လုပ်လိုက်သော်...

" ပြောရဆိုရအဲ့လောက်ခက်တာ ရော့ကွာ "

' ခွပ် '

" အာ့... ခင်ဗျား "

သက်ပိုင်ကိုထိုလူလက်များပိုချုပ်လိုက်သည်။သက်ပိုင်ထိုလူကိုရုန်းကာတွန်းကန်နေမိသည်။လက်မောင်းကိုသူ့သွားများဖြင့်ကိုက်လိုက်ရင်း...

My Husband is U Min Yaung [ Completed ]Where stories live. Discover now