Chapter 9

8.4K 319 19
                                    

ဖုန်းတစ်လုံးကိုင်ကာထိုင်ခုံပေါ်တွင်ခွေခေါက်လျှက်။ ဂိမ်းဆော့နေလေသော ကလေးငယ်ကိုကြည့်ရင်းက မင်းရောင်ထင် အလုပ်တွေထဲကို စိတ်မပါတော့ချေ ...။
စိုစွတ်နေသောနှုတ်ခမ်းလေးတွေမှာနီရဲလျှက် ကလေးငယ်၏ နှုတ်ခမ်းလေးမှာ
ထော်ထော်လေးဖြစ်နေပြီး။ မျက်မှာကုပ်ကာ ဘယ်အရာကိုအလိုမကျမှန်းမသိ။

" ဦးမင်းရောင် ကျွန်တော့်ကိုဒီဂိမ်းဆော့ပေးပါလား "

ဆိုဖာပေါ်တွင်ထိုင်နေရာက သူ့အနားသို့လာရန် ဘေးမှနေရာအလွတ်အား
လက်လေးဖြင့်ပုတ်ကာ ပြနေသော ကလေးငယ်၏ ခေါ်ရာတွင် ထိုင်လိုက်သည်။

" ဘယ်ဂိမ်းလဲ "

" ဒါလေ ကျွန်တော်ဆော့ပေမယ့် မနိုင်ဘူး ဟွန်း "

Ninja Game ကို ဆော့၍မနိုင်သဖြင့် ဆူဆူပုတ်ပုတ်လေးပြောကာ
လက်ထဲသို့ ဖုန်းကို အတင်းထိုးထည့်ပေးနေပါလေသော သက်ပိုင်သျှမ်းကြောင့်
မင်းရောင်ထင် ဘယ်အချိန်ကပြုံးလိုက်မှန်းမသိ။ မျက်နှာပေါ်တွင် အပြုံးရေးရေး
လေးပေါ်ထွန်းလာသည်။

" ဝါးး ဦးမင်းရောင် ပြုံးလိုက်တယ် "

" ဟင် "

" ဦးမင်းရောင် ပြုံးတာလှလိုက်တာ "

အထူးအဆန်းလုပ်ကာ ပါးစပ်အဟောင်းသားလေးဖြင့် မျက်နှာကိုကြည့်နေလေသော သက်ပိုင်လေးအား အသည်းတယားဖြစ်နေမိသည်။ တကယ်ပင်လည်း အံသြချင်လောက်ပါရဲ့ မင်းရောင်ထင်ပြုံးသည်ဆိုတာ မရှိသလောက်ကို ရှားတာကို...

" ကျွန် ကျွန်တော် ပါးကိုကိုင်ကြည့်လို့ရလားဟင် "

" အင်း "

အနားကိုတိုးကပ်လာပြီး။ ကလေးငယ်၏လက်ဖဝါးနုနုလေးများဖြင့် ပါးနှစ်ဖက်ကို ကိုင်ကာ မျက်လုံးလေးများ မှေးစင်းသည်အထိ ရယ်မောနေလေသော...
ထိုကလေးငယ်၏ အပြုံးသည် မင်းရောင်ထင်၏ ရင်ဘတ်အစုံကိုဝယ် အေးချမ်းသွားစေသည်။

" ဦးမင်းရောင် "

" အင်း ပြောလေ ကလေး "

" အဲ့လို ထပ်ပြုံးပြပါလားဟင် "

" ဟင် "

ထပ်ပြုံးပြပါဟူ၍ တောင်းဆိုလာလေသော ကလေးငယ်၏ မျက်ဝန်းငယ်လေးတို့ကို မင်းရောင်ထင် ကြည့်လိုက်မိသောအခါ။
နှလုံးခုန်နှုန်းဟာ ရပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ကလေးငယ်မသိသည်က သူ၏အပြုံးတို့သည် ကလေးငယ်နှင့်အတူရှိသောအခါ အမြဲဖြစ်ပေါ်လာတတ်သည်။ လုပ်ယူစရာပင် မလိုအပ်၊

My Husband is U Min Yaung [ Completed ]Where stories live. Discover now