(Unicode)*ခွပ်*
Dinning Room ထဲရှိလူများအားလုံးကို ရှိသည်ပင် တွေးဟန်မတူ။
ခိုင်မြဲသက္ခက တည်တံ့မင်း၏ မျက်နှာအား ရုတ်တရတ်ထိုးချလိုက်ခြင်းဖြစ်သည်။"ကို..အမလေး ဆွဲကြပါဦး..ဘယ်လိုဖြစ်တာလဲ "
ဒေါ်ထရယ်ဇာက လဲကျသွားသော သားဖြစ်သူအား ဆွဲထူရင်း ပါးစပ်မှ သွေးများကို Tissue ဖြင့် အပြာအယာသုတ်ကာ ခိုင်မြဲသက္ခအား ဆွဲဖို့ အလန့်တကြားပြောရှာသည်။
မဆွဲရင်လည်းမဖြစ် ။ ဒီကောင်လေး လက်စ,လက်နနှင့်ဆို မိမိသားအနေနှင့် ဆန်ပြုတ် ၇ရက်မက သောက်ရကိန်းရှိနိုင်သည်။"တစ်ယောက်မှ လာမထိနဲ့"
ခိုင်မြဲသက္ခအားဆွဲရန် ပြင်နေကြသော ဖခင်ဖြစ်သူ၏ လုံခြုံရေးများကလည်း ခိုင်မြဲသက္ခ၏ အမိန့်အောက်ဆွင် ရှေ့မတိုးရဲ။
ခိုင်မြဲသက္ခက တည်တံ့မင်းအား လက်ညှိုးဖြင့် ငေါ့ငေါ့ထိုးကာ,
" မင်းကို ငါ့ပိုင်တဲ့အရာတေကို မထိနဲ့လို့ ပြောတာ ငါ့သူငယ်ချင်းတွေရောအကြုံးဝင်တယ် ၊ ပထမ မင်း ငါ့လူကို လာနွယ်တယ်! သူ့ကိုမရတော့ အခု တစ်ခေတ်? မင်းမှာ အဲ့လောက်ရှားနေလား တည်တံ့မင်း ဟမ် "
'ငါ့လူ'လို့ပြောလိုက်တဲ့ နေရာမှာ ဦးမင်းမျိုးသက္ခက သူ့ကို စိုက်ကြည့်၏။
"နိမိတ်က မင်းလူလို့ ဆိုလိုချင်တာလား "
တည်တံ့မင်းက အထိုးခံလိုက်ရတာကြောင့်ပါးစပ်မှထွက်ကျလာတဲ့သွေးတေကို လက်နဲ့ထပ်သုတ်ရင်းမှ ခိုင်မြဲသက္ခကို ပမာမခန့်လေသံနှင့် ပြောသည်။
"မင်း သိပြီးသားကို ဘာလို့မေးနေလဲ၊ငါ ဘယ်သူ့အမြင်တွေကို ဂရုစိုက်နေမယ်လို့ မင်းက မျှော်လင့်နေတာလဲ တည်တံ့မင်း ! ငါ ကလေးမဟုတ်တော့ဘူး"
ခိုင်မြဲသက္ခက ထိုစကားတို့ကို ဦးမင်းမျိုးသက္ခအား ရည်ရွယ်ပြီးပြောလိုက်မှန်း ဦးမင်းမျိုးသက္ခလည်း ပါးနပ်စွာ တွေးနိုင်လိမ့်မည်ဟုခသူ မျှော်လင့်သည်။
တည်တံ့မင်းသည်လည်း "ဒီရုံမြင်လို့၊ဒီခြုံထွင်" ခဲ့တာမှန်း သူရိပ်မိသည်။
![](https://img.wattpad.com/cover/310201289-288-k288456.jpg)
YOU ARE READING
His Star-သူ့ကြယ် [Complete]
Acción"ဒီကောင့်နာမည်က နိမိတ်မကောင်းတဲ့ကြယ်လေ! ကြောက်သင့်တဲ့ ရန်သူမျိုး ငါးပါးထဲမှာ ဒီကောင့်ကိုပါထည့်သင့်တာ " "ဒီကောင့်နာမည်က နိမိတ်မကောင်းတဲ့ကြယ်လေ! ကြောက်သင့်တဲ့ ရန်သူမျိုး ငါးပါးထဲမှာ ဒီကောင့်ကိုပါထည့်သင့်တာ " A/N: Mature content⚠️