(Unicode)"ဒါ ဘယ်လိုတောင် စိုင်းနောင်ကို စောက်ပမာမခန့်လုပ်တာမျိုးလဲ!"
တစ်ခန်းလုံး အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်နေရာမှ ဦးစိုင်းနောင်၏ အလိုမကျသည့် အော်ငေါက်သံသည် ဟိန်းကနဲ ထွက်ပေါ်လာသည်။
"ကျွန်...ကျွန်တော် ခေါင်းဆောင်ကို မလိမ်ရဲပါဘူး၊သူတို့ကတကယ် အဲ့ဒီလိုပြောလိုက်တာပါ"
ဦးစိုင်းနောင်ရှေ့ရှိ ဂင်တိုတို၊ခပ်ညိုညိုနှင့် တစ်ချက်ကြည့်ရုံဖြင့် လူဆိုးလူမိုက်မှန်းသိအောင် တံဆိပ်ခတ်နှိပ်ထားသလားအောင်မေ့ရတဲ့ အသွင်အပြင်နဲ့လူဟာ အာပေါင်အားရင်း သံသံနဲ့ရှင်းပြလာသည်။
"သူတို့က ထိုင်းဘက်က ခွန်ခိုင်းဖာ့ခ်နဲ့ ဆက်ဆံရေး စိပ်လာတာနဲ့ ကျွန်တော်တို့ကို သူ့တို့စောက်လုံးထဲမထည့်တော့ဘူး ဆရာ၊ဘယ်လိုပဲ ပစ္စည်းကိုသူတို့ တစ်ဖက်နိုင်ငံကလူတေဆီမှာရောင်းရောင်း သူတို့ကို ခွေးတေလက်ကနေ နားလည်ပါးရိုက်လုပ်ပြီး လက်တစ်လုံးခြား ကာကွယ်ပေးလာခဲ့တာ ကျွန်တော်တို့ပါ၊ထုံးစံကို ဒီလိုလာဖျက်လို့တော့ မရဘူးလေ၊သူတို့ပစ္စည်းအောင်းတာ Polaris ပိုင်နက်ထဲမှာပဲ၊ ဒါကို ဖာသည်မသားက လူပါးဝတယ် ဆရာ!!! ဒီကိစ္စငြိမ်နေလိုက်ရင် နောက်ပေါက်တေကပါ ခြေရာလာတိုင်းတော့မယ် "
၎င်း၏ ပြောဆိုနေဟန်သည် လမ်းတွင်ကလေးချင်းရန်ဖြစ်လာ၍ အိမ်ရောက်မှမိဘအား တိုင်နေသည့်ဟန်။
ဦးစိုင်းနောင်က တစ်ခုခုကို အလေးအနက်ထား တွေးတောဟန်ဖြင့် ၎င်း၏ လက်ထိပ်အား စိပ်နေရင်းမှ,
"နိမိတ် ! ဒီကိစ္စကို မင်းကိုင်တွယ်ရမယ် "
ထိုအသံကိုကြားသည်နှင့် အခန်းထဲရှိ သူများမှာ အားလုံးတိုင်ပင်ထားခြင်းမရှိဘဲ ဦးစိုင်းနောင်အား နားမလည်ဟန် ကြည့်လိုက်ကြသည်။ သူတို့၏ စိတ်ထဲတွင်တော့ Bokeoလေ့ကျင့်ကွင်းဆီမှ လက်တလော ခေါ်ဆောင်လာသော အသက်၂၀အရွယ်ကောင်လေးသည် ဤသို့သော ပဋိပက္ခကို ကိုင်တွယ်နိုင်ရန်အတွက် အတွေ့အကြုံ နုနယ်လွန်းလှသည်ဟု ယူဆသည်လေ။
"ဆရာ..ဒါ..ဒါက ဘယ်လိုဖြစ်မလဲ၊ ဒီကောင်လေးကို ထည့်ပေးလိုက်ရင်တောင် သူ့အသက်ပြန်ပါလာဖို့မသေချာဘူး၊ ဒီလိုဂုဏ်းရှင်းပွဲဖြစ်သွားနိုင်တဲ့နေရာကို..အခု ဆရာက သူ့ကို ခေါင်းဆောင်အဖြစ် လွှတ်ဖို့က..!"
YOU ARE READING
His Star-သူ့ကြယ် [Complete]
Akcja"ဒီကောင့်နာမည်က နိမိတ်မကောင်းတဲ့ကြယ်လေ! ကြောက်သင့်တဲ့ ရန်သူမျိုး ငါးပါးထဲမှာ ဒီကောင့်ကိုပါထည့်သင့်တာ " "ဒီကောင့်နာမည်က နိမိတ်မကောင်းတဲ့ကြယ်လေ! ကြောက်သင့်တဲ့ ရန်သူမျိုး ငါးပါးထဲမှာ ဒီကောင့်ကိုပါထည့်သင့်တာ " A/N: Mature content⚠️