အပိုင်း(၄)

59.1K 4.3K 596
                                    

Warning(သွေးထွက်သံယို⚠️)

(Unicode)

ရာသီဥတုသည် ဆောင်းအကုန်နွေအဦးမို့ ကြည်လင်သာယာ၏။
မနက်ခင်း၏ ရောင်ခြည်နှင့်အတူ မျက်စိပဒေသာရှိလှသည်က ဆိုင်အထဲဝင်လာသော မြန်မာဆန်ဆန် ပုဆိုး-တိုက်ပုံနှင့် အမျိုးသားတစ်ဦး၏ ခန့်ညားမှုပင်။

Cashier မှ ဝန်ထမ်းမလေးသည် သူမ၏ ဘဝ၌ အချိုသာဆုံးအပြုံးဟုဆိုရတန်အောင် လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်ရင်းမှ ထိုအမျိုးသားအား ,

"ဘာများကူညီပေးရမလဲရှင့် "

"Booking ယူထားတယ်လို့ပြောတယ်ခဗျ Room 3C ကိုပါ"

"ဟုတ်ကဲ့ရှင့်..လူကြီးမင်းရဲ့ ဧည့်သည်ရောက်နှင့်နေပါပြီရှင်"

သူမထိုသို့ပြန်လည်ဖြေကြားတော့ ခေါင်းလေးတစ်ချက်ငြိမ့်၊ပြုံးပြကာ ထွက်သွားသည့် အမျိုးသားအား ဟန်ပင်မဆောင်နိုင်၊မြင်ကွင်းမှ ပျောက်သွားသည်အထိ ငေးကြည့်မိလိုက်သည်။

ဒါမျိုးက ဒီဘက်ခေတ်မှာ ရတနာထက် ရှားသည်။
ထိုအမျိုးသားကိုရသည့် မိန်းကလေးတင်မက မိဘတွေပါ ရင်အေးနိုင်သည့် လူကြီးလူကောင်းဆန်ဆန် ရှေးရိုးကျသည့် ရွှေရင်အေး Typeကလေးပင်။

"အမေပြောတဲ့ အမောပြေ" ဆိုတာ ဒီလိုလိမ္မာယဥ်ကျေးလေးတေများလားဟု သူမတစ်ချက်တွေးလိုက်မိသေးသည်။

ခိုင်မြဲသက္ခ လုပ်စရာရှိသည့် အလုပ်ကိစ္စများပြီးသည်နှင့် အိမ်ကအပျိုလေး message ပို့ထားသော "De Alta Classe" ဆိုသည့် Italian restaurant သို့ အစီအစဥ်အတိုင်းအရောက်လာခဲ့ရသည်။
Enghish လို "High-Class"ဟု အဓိပ္ပာယ်ရသော ထိုဆိုင်လေးသည် အပြင်အဆင်များအရလည်း တကယ်ကိုပင် အထက်တန်းကျလှသည်။
တော်ရုံတန်ရုံ Outdoor ကိုမကြိုက်လှသည့် ခိုင်မြဲသက္ခပင် "မဆိုးလှ" ဟု မှတ်ချက်ပေးခဲ့မိသည်။

Room3C ဆိုသည့် အနားကွတ်ရွှေရောင်နှင့် mini sign board လေးတွေ့တော့ အထဲသို့ဝင်လိုက်သည်။

အထဲတွင် ပန်းဆီရောင် Floral dressနှင့် အမျိုးသမီးအား တွေ့လိုက်တော့ ခိုင်မြဲဘက်မှ နူးနူးညံ့ညံ့ပြုံးပြလိုက်ရင်း,

"စောင့်နေရတာ ကြာပြီထင်တယ် ညီမ၊
Sorry!အလုပ်ကိစ္စက ထားခဲ့လို့မရတော့.."

His Star-သူ့ကြယ် [Complete] Where stories live. Discover now