အပိုင်း(၂၅)

43.2K 2.9K 438
                                    


(Unicode)

"အချစ်နဲ့စစ်မှာ မတရားတာမရှိ" ဆိုသည့်စကားဟာ မှားသည်ဟု ခိုင်မြဲသက္ခယူဆ မိသည်။

မတရားတာက မတရားတာပါပဲ။
"မရှိ" ဆိုတာမျိုးတော့ ဘယ်ဟုတ်မလဲလေ!

မတရားတာ ရှိရင်လည်း ရှိလိမ့်မည်။
ဒါပေမယ့် ခိုင်မြဲသက္ခဆိုတဲ့ သူကတော့ သောက်ဂရုမစိုက်နိုင်။

"စိမ်းစိမ်း"ဆိုသည့် ကလေးမလေး TOXIN ကို ရောက်လာသည်နှင့် သူ့စိတ်တွေက တစ်ခုခုကို အလိုမကျ ဖြစ်နေမိသည်။

ဘာရယ်လို့ တပ်အပ်မသိသော်ငြား စိုးရိမ်ပူပန်စိတ်တစ်ခုက ထူးဆန်းစွာပင် သူ့ကို ခြိမ်းခြောက်နေဟန်ရှိလှသည်။

အခုလည်း နိုင်ငံရေးနယ်ပယ်က
သိုးရေခြုံထားသည့် ဝံပုလွေကြီးများနှင့် အစည်းအဝေးတစ်ခု သွား၍ တက်ခဲ့ရခြင်း ။
နိမိတ်ဆိုသည့် ကောင်လေးကိုတော့ သူခေါ်မလာခဲ့မိ။

အတင်းပင် "လိုက်ချင်ပါသည်" ဟုဆိုလာသော်လည်း အကြောင်းပြချက်ပင်မရှိဘဲ သူက ခေါ်မလာခဲ့မိပါ။
ထိုကောင်လေးနဲ့ကို စကားမပြောချင်၍ ဖြစ်သည်။

သူ့စိတ်တွေဘာဖြစ်နေမှန်း အသေချာမသိပေမယ့် သူ မောင့်အား တကယ်ကို အဖက်မလုပ်ချင်ပါ!

ခိုင်မြဲသက္ခ လိုက်ပါလာသော Chevrolet Corvette အမဲလေးက အရှိန်ပြင်းစွာမောင်းနှင်လာရင်းမှ TOXIN ခြံဝန်းကြီးထဲတွင် ရပ်တန့်သွားသည်။

TOXIN၏ ခြံဝန်းကြီးထဲတွင် တိုက်ခိုက်ရေးသမားများ နေထိုင်သည့် အဆောက်အဦးကြီးများကိုပါ အတူတကွ ဆောက်လုပ်ထားသောကြောင့် ပင်မ စံအိမ်တော်ကြီးစီသို့ သွားရာ လျှောက်လမ်းများနှင့် ခြံဝန်းထဲတွင် အမြဲလိုပင် တိုက်ခိုက်ရေးသမားများနှင့် တစ်ရုတ်ရုတ် ။

ကားပေါ်မှ ဆင်းလျက် အိမ်ကြီးထဲသို့ ချက်ချင်းဝင်မသွားသေးဘဲ မျက်လုံးတွေက အလိုအလျောက်ပင် သူ့အရှင်သခင်လေးအား ဝေ့ဝိုက်ရှာနေသည်။

"ဘယ်သူ့ကို ရှာနေတာလဲ အကိုကြီး!"

တစ်ယောက်ယောက်က သူ့အား အနောက်မှ ကျောကို ပုတ်လိုက်တော့ လန့်ဖြန့်သွားရပြီး သူ့လက်ကလည်း ထိုလူကို ရွယ်လိုက်ပြီးသား။

His Star-သူ့ကြယ် [Complete] Where stories live. Discover now