အပိုင်း(၂)

87K 5.1K 320
                                    

WARNING 📌(သွေးထွက်သံယိုအခန်းများပါဝင်သည်) ။

(Unicode)

မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံ နယ်စပ်ရှိ ရွှေတြိဂံနယ်မြေသည် အရှေ့တောင် အာရှရှိ မူးယစ်ရာဇတို့၏ အခြေစိုက်ရာ၊စတင်ရာ ဒေသဖြစ်သည်။
ထိုအထဲမှ Polarisဂိုဏ်း သည် ရွှေတြိဂံ၏ မြေအောက်လောကနှင့်သက်ဆိုင်သည့် တရားမဝင်ရောင်းဝယ်ရေး အားလုံးကို လက်ဝါးကြီးအုပ် ခြယ်လှယ်နေခဲ့သည်။

အထူးသဖြင့် တာချီလိတ်နှင့်လာအိုနယ်စပ်မြို့ဖြစ်သည့် ဘိုခေါင်(Bokeo)သည် Polarisဂိုဏ်း၏ အာဏာစက် အပြင်းဆုံးမြို့များဖြစ်သည်။
တစ်ကိုယ်တော်လှုပ်ရှားသော မူးယစ်ဆေးရောင်းသူများမှ အစ၊ မူးယစ်ဂိုဏ်းကို အကြီးအကျယ်ချဲ့ထွင်လျက်ရှိသော ဘိန်းဘုရင်များကပါPolarisကို ဆက်ကြေးမမည်သော်လည်း ထိုသဘောသက်ရောက်သည် အကောက်အခွန်တို့ပေးကြရသည်။

Polaris၏ အဓိကဘဏ္ဍာရေးသည် ၎င်းတို့အခြေစိုက်ဌာနဖြစ်သည့် ရွှေတြိဂံနှင့်လိုက်ဖက်စွာ မူးယစ်ရာဇ ဘိန်းဘုရင်များထံမှ အများဆုံး ရရှိခြင်းဖြစ်သည်။

Polarisသည် TOXINကဲ့သို့ နိုင်ငံရေးလောကနှင့်ပတ်သတ်စပ်ယှက်ခြင်းမရှိဘဲ ဒုစရိုက်လုပ်ငန်းများကိုသာ အင်တိုက်အားတိုက်လုပ်ကိုင်သည်။
မြန်မာနိုင်ငံ၏ အချက်အချာကျသော မြို့ကြီးများတွင် TOXINက အာဏာမြဲမြံသလို၊ ယခုလို ဥပဒေဆိုတာ ဘာမှန်းမသိသော နယ်စပ်ဒေသတို့တွင်မူ Polarisကသာ ကိုင်တွယ်ဖြေရှင်းသည်။

လက်ရှိPolaris၏ ခေါင်းဆောင်သည် ဦးစိုင်းနော်ဖြစ်ပြီး အရိုက်အရာဆက်ခံသူဖြစ်သည့် တစ်ခေတ်တစ်ဦး ဆိုသည့် တစ်ဦးတည်းသောသားတစ်ယောက်ရှိသည်။

သို့သော် တစ်ခေတ်ဦးကား ဦးစိုင်းနော်ကဲ့သို့ ဒီလုပ်ငန်းတွေမှာ စိတ်ပါဝင်စားမှုမရှိ။
ထိုကောင်လေးဖြစ်ချင်သည်က ခပ်နုနု၊ခပ်ရွရွ လုပ်ရသည့် အလုပ်များသာ။
ပန်းချီဆွဲခြင်း၊စာရေးခြင်း၊မုန့်လုပ်ခြင်း အလုပ်တို့သည် ၎င်းတို့နှင့် ဘာမျှ မသက်ဆိုင်ဟု ဦးစိုင်းနော် ခံယူထားသည်။

ဦးစိုင်းနော်သည် ဆုံးပါးပြီးဖြစ်သော မိန်းမဖြစ်သူအား သိပ်ချစ်သလို၊ မိန်းမဖြစ်သူနှင့် သိပ်တူလွန်းလှသည့် သားဖြစ်သူကိုမူ သာ၍ အချစ်ပိုရသည်။
ထို့ကြောင့် ဘာဆိုဘာမျှ ဖိအားမပေးခဲ့။
အစစ,အရာရာ သားဖြစ်သူစိတ်တိုင်းကျသာ ဖြစ်စေခဲ့သည်။

His Star-သူ့ကြယ် [Complete] Where stories live. Discover now