အပိုင်း(၄၀)

39.9K 2.3K 210
                                    


(Unicode)

[A:N/ 18 plus 🔞 Age Warning ]

"မောင်..မြဲ ကူညီပေးရမလားဟင်"

သူက ရုတ်တရတ် သူ၏ဖွားဘက်တော်အား လက်ဖြင့် ကာလိုက်မိ၏။

ဘယ်လိုပဲ ထို အမျိုးသားက သူလိုချင်တဲ့ ဆန္ဒတစ်ခုဖြစ်နေပါစေ၊
ဒီအခြေအနေကြီးဟာ သိပ်ကို အနေရခက်လှပါသည်။

ထို့ကြောင့်သူက သူ့စိတ်တွေကို အတတ်နိုင်ဆုံး စုစည်းလိုက်ပြီး သက်ပြင်းချလိုက်ခါ ဆုံးဖြတ်ပြီးဟန်ဖြင့် ထိုအမျိုးသားအား ပြန်ခိုင်းလိုက်၏။

"သွားပါ မြဲရယ်..ကျုပ်..ကျုပ် မြဲအပေါ် စိတ်တွေ အရိုင်းဆန်နေတယ်၊ ကျုပ် မြဲကို တစ်ခုခု လုပ်မိလိမ့်မယ်"

သူက မြဲအား လက်ကာပြခါ ပြန်ခိုင်းလေတော့ ဂိုဒေါင်ဝမှာ ရပ်နေတဲ့ ထိုအမျိုးသားလေးက မပြန်သည့်အပြင် ဂိုဒေါင်ထဲသို့သာ ဝင်လာသည်။

"မသွားဘူး ! အဲ့လိုဖြစ်နေလို့ကို မသွားဘူး "

"သွားပါ မြဲရယ်၊ တစ်ခုခုဖြစ်သွားလိမ့်မယ်"

မြဲက သူ့ရှေ့အား လာရပ်ကာ သူ့အား စူးစိုက်ကြည့်ရင်း ထိုသို့ပြောလာ၏။
ထိုအမျိုးသားဟာ သူနဲ့ပတ်သတ်ပြီး စိတ်ပိုင်းဖြတ်ထားဟန်မို့ သူ တစ်ချက်တွေဝေသွားခဲ့မိသည်။

" မြဲ သေချာရဲ့လား"

"သေချာတယ် မောင်"

သူ့ရှေ့က အမျိုးသားကပါ သူ့အပေါ်မှာ ဆန္ဒရှိနေသည်ဆိုမှတော့ သူ သိပ်အများကြီး တွေးမနေချင်တော့ပါ။

နှစ်ယောက်လုံးရဲ့ လိုအင်ဆန္ဒတွေပြည့်မှာမို့ သူချစ်တဲ့ ဒီအမျိုးသားလေးနဲ့ အခိုက်အတန့်ကောင်းတစ်ခုကို အတူ မျှဝေရန်သာ သူဆုံးဖြတ်လိုက်မိသည်။

သူက မြဲ၏ ခါးလေးအား ဆွဲဖက်လိုက်ပြီး နှုတ်ခမ်းတို့ကို ဆာလောင်မွတ်သိပ်နေတဲ့ သူတစ်ယောက်လိုမျိုး ကြမ်းတမ်းစွာ နမ်းလိုက်၏။

ထိုအခါမြဲက အလိုက်သင့်ပင် ပြန်၍ နမ်းလာပြီး လက်နှစ်ဖက်ကလည်း သူ၏ ပုခုံးအား သိုင်းဖက်လျက်ပင်။

သူက နှုတ်ခမ်းတို့အား စုပ်ယူနမ်းရှိုက်နေရာမှ မတင်းတိမ်၊မရောင့်ရဲနိုင်စွာ ဖိကိုက်လိုက်၏။

His Star-သူ့ကြယ် [Complete] Where stories live. Discover now