အပိုင်း(၃၉)

34.8K 2.3K 144
                                    


(Unicode)

မိုးက ရွာထားသည်မို့ ရွာလမ်းတွေမှာ ရွှံ့တွေ၊ဗွက်တွေက အပြည့်။
အမှတ်တမဲ့သာဆို ချော်လဲနိုင်သည့် မြေအ​နေအထားမျိုးဖြစ်သည်။

ပြီးတော့ သူတို့ရွာလမ်းက မြေနီတွေ။
မိုးကရွာချလိုက်တော့ ဘယ်ပြောကောင်းမလဲ၊ ရုတ်တရတ် ပြေးလိုက်ရင် နဖူးနဲ့မြေကြီး မိတ်ဆက်သွားမှာတော့ အသေအချာပင်။

သူက ပြေးမရသည်မို့ လမ်းကို အမြန်သာ လျှောက်နေလိုက်သည်။
နောက်မှ ထိုခပ်ချောချောအမျိုးသားကလည်း သူ့အား မျက်ခြေအပြတ်မခံဘဲ တောက်လျှောက် ကပ်၍ လိုက်ပါလာ၏။

လိုက်ပါလာရုံနှင့် မပြီးသော ထိုအမျိုးသားက သူ့အား "မောင်" ဟု အော်ခေါ်နေသေးသည်။

"မောင်! စောင့်ပါဦး ဘာလို့ အတင်းသွားနေရတာလဲ၊ စကားပြောရအောင်ပါ "

သူက ထိုအမျိုးသားအား စိတ်ထဲမှ ရင်းနှီးနေပါသော်လည်း ထိုအမျိုးသားဟာ သူ၏ ယောကျ်ားဆိုတာကို လက်ခံဖို့ကျ ဘယ်လိုမှမဖြစ်နိုင်။
အတော်ကို ထူးဆန်းနေသည်သာ။

ခြံရှေ့ရောက်လေတော့ သူက အဘအား အားကိုးတကြီး အော်ခေါ်လိုက်မိသည်။

"အဘရေ လာပါဦး ကျုပ်နောက်ကို လိုက်လာလို့ !!"

သူက ထိုသို့အော်ပြီး ခြံထဲသို့ ဝင်ပြေးလေတော့ အိမ်ကြီးထဲမှ အဘနှင့်​မေကြီးက ကပြာကရာပင် ထွက်လာသည်။

အဘက သူ၏ ပုံစံအားကြည့်ကာ စိုးရိမ်တကြီးဖြင့်,

"လူလေး ဘာဖြစ်လာတာလဲ
ဘာလိုက်လာတာလဲကွ!"

"ယောကျ်ား အဘ ! ကျုပ်ယောကျ်ားတဲ့"

"ဟေ!"

အဘက သူ၏အပြောကိုကြားတော့ မျက်လုံးပြူး မျက်ဆံပြုးဖြင့် "ဟေ"ဟုသာ အာမေဋိတ်ပြုသည်။

အမေကြီးကမူ ခြံဘက်ကို စိတ်ဝင်တစား လှမ်းကြည့်ပြီးနောက် ကျုပ်အားပြန်ကြည့်ကာ,

"မြေးလေ..မင်း ယောကျ်ားခိုးလာတာလားကွယ် ၊ အိမ်ပေါ်ခေါ်လေ သူများသားပျိုလေးကို ခေါ်ချလာပြီး ခေါင်းရှောင်နေလို့ ဘယ်ရမလဲ မောင်တာယာရဲ့!!"

His Star-သူ့ကြယ် [Complete] Where stories live. Discover now