(Unicode)2014ခုနှစ်၊ နှစ်စောပိုင်းကာလတွင်ဖြစ်၏။
"ကျုပ် ခုနလူနဲ့ တွေ့ချင်တယ်၊ တစ်ခါလောက်ပဲ စကားပြောခွင့်ပေးပါနော်"
"...."
"ကျုပ်ပြောနေတာမကြားဘူးလား ကျုပ် ခေါင်းဆောင်နဲ့ပဲ နေချင်တယ် ကျုပ်အဲ့ကို မသွားချင်ဘူးလို့ဗျာ နော် "
၁၀နှစ်သားအရွယ် ကလေးတစ်ယောက်၏ လက်တွင် သွေးများက စိုရွှဲလျက်။ စစ်စိမ်းရောင် Jeepကားပေါ်တွင် သတ်လတ်ပိုင်းလူကြီးများက ဘေးတစ်ဖက်တစ်ချက်ထိုင်လျက်ရှိပြီး ထိုကလေးအား နယ်စပ်သို့ ပို့ဆောင်ရန် တာဝန်ယူနေရ၏။
ထိုကလေးကား ၎င်းတို့ တိုက်ခိုက်ရေးသမားများ၏ ဆရာဟုဆိုလည်းရ၊ခေါင်းဆောင်ဆိုလည်းမမှားသည့် ဦးမင်းမြတ်၏ တစ်ဦးတည်းသောသား။
ဦးမင်းမြတ်သည် ၎င်းတို့TOXIN ဂိုဏ်းချုပ် ခိုင်မြဲသက္ခ၏ အားအကိုးရဆုံး လက်ရုံးတစ်ဆူဖြစ်ခဲ့သည်။
တစ်ချိန်တစ်ခါက အလုပ်လုပ်ရာတွင် စေ့စပ်သေချာသလောက် လောဘစိတ်တတ်လာပြီး စိတ်ဖောက်လွှဲဖောက်ပြန်ဖြစ်လာသော မိန်းမဖြစ်သူကြောင့် တစ်သက်လုံး သစ္စာစောင့်သိလာသည့် ခိုင်မြဲသက္ခအပေါ် သစ္စာဖောက်ခဲ့သည်။Russia မှ ပြည်တွင်းသို့ သွင်းလာသော တန်ဖိုးဖြတ်ရန်ပင်ခက်ခဲသည့် စိန်ရိုင်းတုံးကို တရုတ်မှောင်ခိုစျေးကွက်တွင် ပုံးစျေး၊ခွက်စျေးဖြင့် ရောင်းချကာ တစ်ခါစားအကြံဖြင့် ခြေရာဖျောက်သွားခဲ့သည်။
သူတို့ခေါင်းဆောင်ဟာ အလုပ်လုပ်တဲ့နေရာမှာ အလွဲအချော်တွေကို လစ်လျူရှုပေးထားပေမယ့် သစ္စာဖောက်သူတို့အဖို့ သေလမ်းကသာ အသင့်တော်ဆုံးဖြစ်ရမည်ဟု ယူဆသူဖြစ်သည့်အလျောက် သစ္စာဖောက်အား မရဏလမ်းသို့ အရောက်ပို့ပေးခဲ့သည်။
"ကျုပ် အဲ့ကိုမသွားချင်ဘူးဗျာ ဦးလေးတို့ရယ် ကျုပ် ခုနခေါင်းဆောင်ဦးလေးဆီမှာပဲ နေလို့မရဘူးလားဟင် "
"မနာချင်ရင် တိတ်တိတ်နေစမ်းကွာ!! ဒီထဲမှာ မင်းပထွေး တစ်ယောက်မှ မပါဘူး"
သူ၏ ဘေးနားရှိ လူကြီးက ထိုသို့ပိတ်ဟောက်လိုက်ပါမှ သူ ငြိမ်ကျသွားတော့သည်။

YOU ARE READING
His Star-သူ့ကြယ် [Complete]
Acción"ဒီကောင့်နာမည်က နိမိတ်မကောင်းတဲ့ကြယ်လေ! ကြောက်သင့်တဲ့ ရန်သူမျိုး ငါးပါးထဲမှာ ဒီကောင့်ကိုပါထည့်သင့်တာ " "ဒီကောင့်နာမည်က နိမိတ်မကောင်းတဲ့ကြယ်လေ! ကြောက်သင့်တဲ့ ရန်သူမျိုး ငါးပါးထဲမှာ ဒီကောင့်ကိုပါထည့်သင့်တာ " A/N: Mature content⚠️