အပိုင်း(၃၀)

39.9K 2.7K 225
                                    


(Unicode)

နားလည်ရခက်တယ်လို့ထင်ရတဲ့ သူတစ်ယောက်ကို နားလည်ပေးဖို့ကြိုးစားနေတဲ့အချိန်မှာ အဲ့ဒီလူဟာ အမှန်တကယ် နားလည်ရခက်နေတာမဟုတ်ဘဲ ဟန်ဆောင်နေခဲ့သည်ဆိုတာ သိလိုက်ရခြင်းထက် ဘယ်အရာက ပိုပြီးShockဖြစ်စေနိုင်မလဲ။

အိပ်ချင်ယောင်ဆောင်နေတဲ့သူက ပို၍ပင် နှိုးရခက်သည် မဟုတ်လား။

သူ့ရင်ဘတ်ထဲက အမျိုးသားဟာ အဲ့သည်လို အိပ်ချင်ယောင်ဆောင်ခဲ့တာပဲ။

သိပ်ကိုဟန်ဆောင်ကောင်းလွန်းတဲ့
မြဲဟာ မကောင်းမှုဒုစရိုက်တွေလုပ်ဖို့တောင် နှမြောဖို့ကောင်းရဲ့။

"ဟန်မဆောင်တတ်တာဟာ ငါ့ရဲ့အားနည်းချက်ပါ "ဆိုတာကရော မြဲဟန်ဆောင်ပြီး ပြောခဲ့သည့်စကားများလား။

သူ့ရှေ့မှာ ခေါင်းကိုငုံ့လျက်ရှိနေသော ထိုအမျိုးသားက သူစိတ်ဆိုးမှာကိုကြောက်နေဟန်တော့ မရှိ။
သူ့အား အားတုံ့အားနာဖြစ်နေဟန်လည်း မရှိ။

သည်အတိုင်းပင် စိတ်အေးလက်အေးဆန်လှသည်။

ခိုင်မြဲသက္ခက အင်္ကျီအိပ်ကပ်ထဲမှ Sobranie Black တစ်လိပ်အား ထုတ်ရင်း မီးညှိ၏။

ထို့နောက် ဟန်ကျကျပင် ရှိုက်ဖွာရင်း သူ့အား ငေးကြည့်လာသည်။

ဆေးလိပ်ငွေ့တွေကြားထဲမှ မြင်နေရသော နှုတ်ခမ်းထူထူတွေရဲ့ အရသာကို သူစိတ်လိုလက်ရ မြည်းစမ်းခဲ့ဖူး၏။

ပြင်းရှရှခံစားချက်နဲ့ ပေါက်ပြဲသွားတဲ့ နှုတ်ခမ်းတို့ကြောင့် သွေးညှီနံ့ကိုပင် သူရရှိခဲ့သေးသည်။

သူ့အတွက် ထိုအချင်းအရာသည်ပင်လျှင် ယစ်မူးဖွယ်အတိ။

" မောင် "

ချစ်ရသူက ဆေးလိပ်ကို လက်ကြားမှာညှပ်ရင်း အငွေ့တို့ကို Styleကျကျ မှုတ်ထုတ်လိုက်ပြီး သူ့အား ခေါ်သလို၊အသိပေးသလို ဆိုလာသည်။

မြဲရဲ့အသံဟာ သာမာန်ယောကျ်ားတွေလို ခပ်သြသြနဲ့ခပ်ရှရှ အသံပါပဲ။

အဲ့လိုအသံနဲ့ သူ့ကို "မောင်" လို့ခေါ်တာဟာ သူကြားဖူးခဲ့သမျှ အသံတွေထဲမှာ ယစ်မူးဖို့အကောင်းဆုံးဖြစ်နေသည်။

His Star-သူ့ကြယ် [Complete] Where stories live. Discover now