အပိုင်း(၃၃)

37.3K 2.4K 210
                                    

(Unicode)

ထိုင်းမြန်မာနယ်စပ်၊ မြို့ပြနှင့်ဝေးလံခေါင်သီသော ရွာငယ်လေးတစ်နေရာတွင်ဖြစ်သည်။

"တောက်! စောက်ရေးမပါတာကွာ
ဘယ်တုန်းက ဒါမျိုးလွဲမှားဖူးလို့လဲဟမ်
Polaris ကို မင်းတို့ ပထွေးတွေလို့ထင်နေလား "

မီးခဲ၏ ဒေါသကြီးစွာ အော်ဟစ်လိုက်သော အသံသည် တစ်ဖက် အမျိုးသား၏ စိတ်တို့အား အလိုအလျောက်ဆွပေးလိုက်သည့်သဘောဖြစ်သွား၏။

"ကိုမီးခဲ စကားကို ဆင်ခြင်ပြောပါ !
ခင်ဗျားတို့ အချိန်းအချက်လုပ်လိုက်တာကိုက မနေ့ကပဲလေ ၊ အခုကျမှ ပစ္စည်းရပြီး လူကိုပါ သက်သက်ကြီးခေါ် ပြသနာရှာနေတာတော့ လုံးဝမမိုက်ဘူး"

တစ်ဖက်မှအရွယ်ငယ်ငယ်ကောင်လေးက စိတ်ဆိုးမာန်ဆိုးဖြင့် ငြိမ်ခံမနေဘဲ ပြန်အော်ပြောလာသည်။

မီးခဲတို့အနေဖြင့် တစ်ဖက်ဂိုဏ်းများဖြင့် အချိန်းအချက်ကိစ္စများလွဲမှားခဲ့သည်ဟု ဘယ်တုန်းကမျှ မရှိခဲ့ဖူး။

ယခုအခေါက်လွဲမှားနေသည်ကလည်း အသေးအဖွဲကိစ္စမဟုတ်ပါဘဲ ရက်တစ်ရက်လုံး စော၍ မှားသွားခဲ့ခြင်း ။

" မနေ့က ပီလော ဆိုတဲ့လူနဲ့ လူ၈ယောက်လောက်ရှိမယ် ချိန်းဆိုတဲ့နေရာကို လာပြီး ပစ္စည်းယူသွားတယ် အဲ့လူ၈ယောက်ကလည်း အခါတိုင်း ခင်ဗျားနောက်မှာ ပါနေကျ လူ၈ယောက်ပဲ ! ပြီးတော့ အဲ့ဒီပီလောဆိုတဲ့ လူမှာ ခင်ဗျားရဲ့ တံဆိပ်ပြားပါလာတယ်နော် ! ပစ္စည်းပေးလိုက်တာ ကျွန်တော်တို့ အလွန်တော့ ဘယ်ဟုတ်တော့မလဲ ကိုမီးခဲ"

"ဘာ! ပီလော ဟုတ်လား..တောက်! Polaris ကို သစ္စာဖောက်ရဲတဲ့ကောင် "

မီးခဲက ရှိသမျှ ဒေါသတွေအကုန် သူ့ရှေ့နားမှာရှိတဲ့ သစ်ကိုင်းခြောက်အပေါ် ပုံချရင်း အော်ဟစ်လိုက်သည်။
အခုရပ်ပိုင်း Polaris ဂိုဏ်းတွင် မူမှန်သောကိစ္စများ ဖြစ်ပွားနေသည်မှာ အတော်ပင်စိပ်လာခဲ့သည်။

ပစ္စည်းတစ်ခေါက်လွဲမှားတာက ကြီးမားတဲ့ပြသနာမဟုတ်ပေမယ့် ယုံကြည်မှုမရှိနိုင်တော့ရင် အလုပ်ဆက်လုပ်ဖို့အဆင်ပြေနိုင်မည်မဟုတ်။

His Star-သူ့ကြယ် [Complete] Where stories live. Discover now