(Unicode)"Are you sure that you're okay,Mr Alex.
I think you should take a break "
(မစ္စတာ အဲလက်စ် ခဗျားအဆင်ပြေတယ်ဆိုတာသေချာရဲ့လား ၊ ခဗျားအနားယူသင့်တယ်လို့ ကျွန်တော်ထင်တယ်)"No,Um..I'm good.Can you keep talking ?"
(မလိုပါဘူး ကျွန်တော်ကောင်းပါတယ် ၊
ခဗျားပြောနေတာကို ဆက်ပြောလို့ရမလား)မူးယစ်ဆေးဝါး နယ်စပ်နိမိတ်များအား ဆွေးနွေးခြင်း အပြီးမှာတော့ ခိုင်မြဲသက္ခ အမှန်ပင် ထိုးအန်မလို အခြေအနေဖြစ်ရသည်။
လူပင်ပန်းပန်းတာ အကြောင်းမဟုတ်။
ဒီအပတ်ထဲမှာဖြစ်သွားတာတွေအရ စိတ်ကပါ ချုန်းချုန်းကျ ပင်ပန်းနေရပြီဖြစ်သည်။
နောက်ပြီး..သူ ဟိုတဇွတ်ထိုး တဇောက်ကန်း ကလေးလေးကို လွမ်းပါသည်လေ။"အလကားကောင်! စာတစ်စောင်တောင် မပို့ဘူး၊ သောက်ပိုကောင်၊ တဏှာရူးဖို့ပဲ သိတဲ့ကောင်!!!! "
သူ့ဖုန်းကို ထုတ်လိုက်၊ ဖွင့်ကြည့်လိုက် ၊ ပြန်ထည့်လိုက်၊ ထုတ်လိုက်ဖြင့် လုံးချာလည်နေသည်မှာ ၁ပတ်ပင်ပြည့်အံ့ဆဲဆဲရှိလှပြီ။
ထိုကောင်လေးကတော့ အနားမှာရှိတုန်းက ကပ်သလောက်၊ဇွတ်ဆန်သလောက်။
အခုတော့ သူ့ကို ဖုန်းလေး တစ်ချက်ပင် ဆက်ဖော်မရခဲ့။အင်းလေ..လူငယ်တွေက အထိအတွေ့မှာပဲ သာယာကြတာ! အချစ်မှ မဟုတ်ဘဲ ။
~ Ring ~ Ring ~
ရုတ်တရတ် ဖုန်းဝင်လာလေတော့ သူဖုန်းကို ခဏမျှ ကြောင်အမ်းကာ ကြည့်မိသွားသည်။
"Hello "
"Is that my boyfriend?"
(ဒါ ကျွန်တော့်ကောင်လေးဟုတ်ပါသလား)တစ်ဖက်က Native speaker accent နှင့်ပြောလိုက်သော စကားကြောင့် သူအလိုလို မျက်မှောင်ကြုံ့မိသွားသည်။
"No,It's not ..You're calling wrong number"
(မဟုတ်ဘူး..မင်းဖုန်းမှားခေါ်မိနေပြီ)"မောင့်မြဲ ဟုတ်ရဲ့သားနဲ့ "
"မင်းလား"
"ဟုတ်ရဲ့ဗျာ၊ မောင်ပါ မောင်မောင် ၊ မြဲရဲ့မောင်"
"တော်ပါတော့ သိပါပြီ!!!"
မောင်ချင်းထပ်အောင်ပြောနေသော ထိုကလေးကို အမြင်ကပ်၍ ပိတ်အော်ပေးလိုက်သည်။
ဟုတ်သည်လေ။ ၁ပတ်တောင်ပြည့်တော့မည်၊ စာမလာ သတင်းမကြား။ ယခုမှလာပြီး မြဲရဲ့မောင်တွေ၊ မြက်ရဲ့မောင်တွေ လုပ်နေလို့လည်း ခိုင်မြဲသက္ခတို့ကြည်နူးမနေနိုင်။
YOU ARE READING
His Star-သူ့ကြယ် [Complete]
Aksiyon"ဒီကောင့်နာမည်က နိမိတ်မကောင်းတဲ့ကြယ်လေ! ကြောက်သင့်တဲ့ ရန်သူမျိုး ငါးပါးထဲမှာ ဒီကောင့်ကိုပါထည့်သင့်တာ " "ဒီကောင့်နာမည်က နိမိတ်မကောင်းတဲ့ကြယ်လေ! ကြောက်သင့်တဲ့ ရန်သူမျိုး ငါးပါးထဲမှာ ဒီကောင့်ကိုပါထည့်သင့်တာ " A/N: Mature content⚠️